🔍🔍📝

aakk(38)
Published in
#esteem
Words
397
Reading
2 min
Listen
Play
9y

Common mistakes in pronunciation

အမှားများသော အသံထွက်များအကြောင်း

ကျွန်တော် ဒုတိယနှစ်ရောက်တော့ Phonetics စသင်ရပါတယ် အဲဒီအခါကျမှပဲ အရင်က ကျွန်တော်တို့ထွက်ခဲ့တဲ့ အသံထွက်တွေတော်တော်များများမှားနေတာသွားတွေ့ရပါတယ် ဒါတွေကဆရာတွေမကောင်းလို့တော့မဟုတ်ပါဘူး ပညာရေးစနစ်ညံ့ဖျင်းခဲ့လို့ဖြစ်ရခြင်းပါ ဒါ့ကြောင့်အင်္ဂလိပ်စာကို Professional ကျကျပြောတတ်ဖို့အတွက်အသံထွက်က အတော်လေးကိုအရေးကြီးပါတယ် ဒီနေရာမှာ Phonetics ကအရမ်းအရေးပါလာပါပြီ ကျွန်တော်တို့အရှေ့တောင်အာရှနိုင်ငံတွေတော်တော်များများက Broken ပဲအသုံးများကြပါတယ် အချင်းချင်းနားလည်ပြီးရောဆိုပြီး ပြောကြတဲ့အခါ Broken အကျင့်ကြီးပါသွားတတ်ပါတယ်

ကျွန်တော်တို့ ထိုင်းတို့ တရုတ်တို့နဲ့စကားပြောရင် အရမ်းစိတ်ညစ်ရပါတယ် စကားကလဲမပီ ပြောတော့လဲ Broken . တကယ်တော့ကျွန်တော်တို့မြန်မာတွေအင်္ဂလိပ်စာမညံ့ပါဘူး အာရှမှာ အိန္ဒိယနဲ့ ဖိလစ်ပိုင်ကလွဲရင်ပေါ့လေ တကယ်လက်တွေ့မှာလဲအနောက်ဥရောပတို့ အမေရိကတို့သွားတဲ့အခါ ဒီ Broken တွေနဲ့မရပါဘူး Phonetics နဲ့ပဲပြောကြရပါတယ် ဒါ့ကြောင့် ဒီနေ့တော့အသုံးများတဲ့စကားလုံးတွေလောက်ပဲ ကျွန်တော် ဖော်ပြပေးသွားပါမယ် အသံထွက်ကတော့ Oxford Dictionary ထဲက Phonetics symbol တွေကိုအတည်ယူပါတယ် ဒီအသံထွက်သင်္ကေတလေးတွေကို ဖော်ပြဖို့ ကျွန်တော့် keyboard က အဆင်မပြေတာကြောင့် မြန်မာလိုပဲ သင့်တော်သလို အနီးစပ်ဆုံးဖော်ပြပေးလိုက်ပါတယ်

ပထမဦးဆုံး Phonetics ကိုမပြောခင် အင်္ဂလိပ်အက္ခရာမှာ အမှားဆုံးဖြစ်တဲ့ H X နဲ့ S အကြောင်းကို အရင်ပြောပါမယ် တော်တော်များက H ကို အိပ်ရှ် X ကိုလဲ အိပ်က်စ် နဲ့ S ကို အက်စ် လို့ပြောကြပါတယ် အမှန်က H ကို အေ့(ခ်ျ) လို့ထွက်ပြီး X ကို အက်(က်စ်) လို့ထွက်ပါတယ် S ကိုတော့ အတ်(စ်) လို့ပဲထွက်ဆိုသင့်ပါတယ်

Police ကိုအများစုက ပူးလစ်လို့ထွက်ကြပါတယ် ဒါမှားပါတယ် အမှန်က ပလီးစ် ပါ ဒီနေရာမှာ Please နဲ့ရောမသွားစေချင်ပါဘူး Please ကတစ်သံထဲထွက်ပြီး Police က နှစ်သံထွက်ပါတယ်

Your ကို ယူဝါ လို့မထွက်ပါဘူး ယောရ် လို့ပဲထွက်ပါတယ် အလားတူပဲ Our ကို အာဝါလို့မထွက်ပဲ အောရ် လို့ပဲထွက်ပါတယ် Hour ကိုမှ အာဝါလို့ထွက်တာပါ

Flower ကို ဖလောင်းဝါး လို့ထွက်ပြီး Water ကို ဝေါတားလို့ထွက်ပါတယ် Today တို့ Tomorrow တို့ Tonight တို့ကို တူဒေး တူမောရိုး တူနိုက် လို့မထွက်ဘဲ တဒေး တမောရိုး တနိုက် လို့ပဲထွက်သင့်ပါတယ်

Potato ကို ပတေးတိုး Tomato ကိုတမားတို လို့ထွက်ရမှာဖြစ်ပြီး Computer ကို ကန်ပျူတာ Company ကို ကမ်ပနီလို့ပဲထွက်ရပါမှာဖြစ်ပါတယ်

Connect ကို ကွန်နက်လို့မဖတ်ပဲ ကနက်လို့ပဲ ဖတ်ရမှာဖြစ်ပြီး Collect ကို ကလက် Polite ကိုတော့ ပလိုက် လို့ပဲ အသံထွက်ရပါမယ်

Pronunciation ကို ပရိုနန်စီအေးရှင်း လို့မဖတ်ပဲ ပရနန်စီအေးရှင်းလို့ထွက်ပြီး Possession ကို ပဇက်ရှင် Information ကို အင်ဖှမေးရှင်း လို့ပဲအသံထွက်ရပါတယ် အလားတူပဲ Professional ကို ပရိုဖက်ရှင်နယ်လို့မထွက်ပဲ ပရဖက်ရှင်နယ် လို့ထွက်ပြီး International ကို အင်တ နက်ရှင်နယ် လို့ပဲထွက်ပါတယ်

အများစုက Original ကို အော်ရီဂျင်နယ်လို့ဖတ်ကြပါတယ် ဒါမှားပါတယ် အမှန်က အရစ်ဂျင်နယ် ပါ Memory ကို မန်မိုရီလို့မထွက်ပဲ မဲမရီလို့ပဲထွက်ပါတယ် Automobile ကိုလဲ အော်တိုမိုဘိုင်းလို့မထွက်ပဲ အော်ထမဘီး လို့ပဲထွက်သင့်ပါတယ်

အင်္ဂလိပ်စာမှာ V1 V2 V3 ပုံစံတူသော်လဲ အသံထွက်မတူတဲ့စကားလုံးတစ်လုံးပဲရှိပါတယ် အဲဒါကတော့ Read ပါ read read read reading မှာ V1 ကို ရိဒ် လို့ဖတ်ပြီး V2 နဲ့ V3 ကိုတော့ ရက်ဒ် လို့ပဲဖတ်ပါတယ် ဥပမာ I have ever read this book ဆိုရင် read ဟာ have ရဲ့နောက်မှာရှိတာကြောင့် V3 ဖြစ်နေလို့ ရက်ဒ် လို့ပဲဖတ်ရမှာ ဖြစ်ပါတယ်

နောက်တစ်ခုက Say ကို ဆေး လို့အသံထွက်သော်လဲ ၎င်းကို s ပေါင်းထည့်တဲ့အခါ says ကို ဆက်ဇ် လို့ထွက်နေတာ ထူးထူးဆန်းဆန်းတွေ့ရပါတယ်

တချို့က Next ကို နိပ်စ် လို့ထွက်ကြပါတယ် အမှန်က နက်(က်စ်ထ်) လို့ပဲထွက်ရမှာပါ Again ကိုလဲ အဂိန်း လို့မထွက်ပဲ အဂန်းလို့ပဲထွက်သင့်ပါတယ် Heavy ကိုလဲ ဟဲဗီးလို့ မဆိုပဲ ဟက်ဗီး လို့သာ ပြောသင့်ပါတယ်

နောက်တစ်ခုက Non နဲ့ None ပါ
Non ကို နွန်း လို့ထွက်ပြီး None ကိုတော့ နန်း လို့အသံထွက်ပါတယ် ဒါကြောင့် Non-stop ကို နွန်းစတော့ လို့အသံထွက်ပါတယ် နန်းစတော့မဟုတ်ပါ

တစ်ချို့သောစကားလုံးတွေကို silence လေးလုပ်ပြီးဆိုရတာမျိုးတွေရှိပါတယ် ဥပမာ often listen castle (ဒီစကားလုံးတွေမှာ t သံလေးကိုဖျောက်ဆိုရပါတယ်) ဒါနဲ့တစ်ဆက်တည်း အမှားများတာက Wednesday ပါ ဝက်နက်စ်ဒေး လို့မှားဖတ်ကြပါတယ် အမှန်က ဝဲ(ဇ်)ဒေး ပါ

တစ်ခါတလေမှာ တစ်ချို့အသံတွေကို ဆက်ပြီးထွက်ဆိုရတာတွေရှိပါတယ် ဥပမာအနေနဲ့ Restaurant ကို ရက်စ်တောရန့် လို့မထွက်ဘဲ ရန့်စ်ထရန့် လို့ထွက်ပြီး Extraordinary ကိုလဲ အိပ်စရာအော်ဒင်နရီ လို့မထွက်ပဲ အက်စရောင်းဒင်နရီ လို့ထွက်ဆိုသင့်ပါတယ်

ပြောရရင်တော့ အများကြီးပါပဲ အချိန်သိပ်မရတာကြောင့် ဒီမှာတင်ပဲရပ်နားပါရစေ အထက်ကဖော်ပြခဲ့တာတွေက အသံထွက်အမှန်တွေပါ သင့်အနေနဲ့ Phonetics ကိုကျွမ်းသွားရင် Oxford Dictionary မှာပါတဲ့ Phonetics symbols လေးတွေကို အလွယ်တကူနားလည်လာပါလိမ့်မယ် အဲဒီအခါမှ သင်ဟာ အင်္ဂလိပ်စကားပြောတဲ့အခါအသံထွက်မှန်မှန်နဲ့ စနစ်ကျနစွာ အဆင့်တန်းမီမီ ပြောနိုင်မှာဖြစ်ပါတယ်

** ကျွန်တော့်သူငယ်ချင်း ကျောင်းဆရာ/မ လေးတွေကို အထက်ကပုံစံလေးအတိုင်း Phonetics နည်းနဲ့ ကျောင်းမှာ ပြန်သင်ပေးဖို့ပြောတော့ သူတို့ကလက်မခံကြပါဘူး အစဉ်လာအတိုင်းပဲကောင်းပါတယ်တဲ့ ဒီလိုသာအမှားတွေကိုချည်း လက်ဆင့်ကမ်းသွားကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအဆင့်အတန်းဟာ နိမ့်သထက်နိမ့်နေဦးမှာပါပဲ ကြီးကျယ်တာမဟုတ်ပါဘူး တိုင်းပြည်ဆင်းရဲတာ ပညာရေးကြောင့်ပါ ဒါ့ကြောင့် အစိုးရရဲ့ပညာရေးစနစ်ပြောင်းလဲမှုကို ထိုင်စောင့်မနေစေချင်ပါဘူး ကိုယ်တိုင်သာစွန့်စားပြီး ပြောင်းလဲကြပါ လို့ပြောရင်း........ **
image

aakk@aakk

🔍🔍📝 | Ecency