ရည်မှန်းချက်ပန်းတိုင်သို့
တစ်နေရာကို ရောက်ရမည်လို့ သတ်မှတ်တာ ရည်မှန်းချက်လို့ ဆိုပါတယ်။ ဘယ်အချိန်ရောက်မှာလဲ ဘယ်တော့ရောက်မှာလဲ ဒါကတော့ သိပ်သေချာ ရေရာမှုမရှိနိုင်ပါဘူး။ ရောက်တော့ရောက်ရမယ်ပေါ့ ဒီလိုလေးတွေးထားပါတယ် ဘယ်သူတွေနဲ့အတူရောက်မှာလဲ သိပ်တော့ မဝေခွဲတက်ပါဘူး အရောက်သွားတဲ့
ခရီးတစ်လျှောက် အဆင်ပြေခြင်း မပြေခြင်း ဆုံစည်းခြင်း ခွဲခွာခြင်းတွေက ဖန်တစ်ရာတေနေတာဘဲလေ
ဘာမှတိကျသေချာသော အစီအစဉ်တွေ မရှိနေပါဘူး လူဆိုတာက သူ့လမ်းသူလျှောက်ကြသူတွေပါ ကိုယ်ကချစ်ခင်လို့ အနားမှာ ခေါ်ထားလို့မရနိုင်ပါဘူး ကိုယ့်ကိုမုန်းသွားတဲ့နေ့ ကိုယ့်အနားလဲ ရှိနေမှာမဟုတ်ဘူးလေ
ဒီလိုဆိုတော့လဲ ကိုယ့်ခရီးအတွက် ကိုယ့်အားကိုကိုးပြီး ပြင်ဆင်ဆောင်ရွက်ရတော့မှာပေါ့ ဘာတွေလိုအပ်မလဲ
စည်းကမ်းလေးတော့လိုမယ်လေ ကိုယ့်စည်းကမ်းပေါ့ သူ့စည်းနဲ့တော့ အဆင်ပြေချင်မှပြေမယ် ကိုယ်နဲ့ကိုက်ညီမယ့်
ကိုယ့် စည်းကမ်းကို ရွေးချယ် ဆောင်ယူ သွားရမယ်လေ။ ကိုယ်ပိုင်စည်းကမ်းဆိုတာ ကိုယ့်ဘာသာ ရေးဆွဲထားရ
တာပါလေ ကိုယ့်ရဲ့ကိုယ်ပိုင် နေ့စဉ် ကျင့်စဉ်လဲ ဆိုနိုင်ပါသေးတယ် ကိုယ့်ရဲ့စည်းကမ်းဟာ ကိုယ့် ဦးတည်ချက် ရည်မှန်းရာ လမ်းတစ်လျှောက် ထိန်းညှိပေးမယ့်အရာဘဲလေ။
ကိုယ်ပိုင်တဲ့ ကိုယ့်စည်းကမ်း ကိုယ်နဲ့ကိုက်ညီတဲ့ ကိုယ့်နည်းဥပဒေ ဒါလေးနဲ့ ရှေ့ဆက်ရမယ်လေ
တိကျသော သေချာသော လိုက်နာဆောင်ရွက်ခြင်းကလည်း လိုအပ်နေပါသေးတယ်လေ
မိမိရည်မှန်းရာ ပန်းတိုင်ဆီကို နောက်မတွန့်ဘဲ ရှေ့ဆက်ကာ ဇွဲနဲ့လုပ်ကိုင်ဆောင်ရွက်သွားရမယ်လေ
စည်းကမ်းကို လက်လွှတ်လို့တော့မဖြစ်ပါဘူး အောင်ပွဲတွေအလီလီကြုံတွေ့နေလဲ စည်းကမ်းကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ကိုယ့်စည်းကမ်းအတိုင်းလိုက်နာ ဆောင်ရွက်နေမှသာ ဆက်လက် အဆင်ပြေ အောင်မြင်နိုင်မယ်လေ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ကိုယ်ပိုင်စည်းကမ်းနဲ့ အဆင်ပြေအောင် ဆောင်ရွက်သွား ရမယ်လေ ကြုံဆုံလာသမျှတွေက အဆင်ပြေတာဖြစ်ဖြစ် အဆင်မပြေတာ ဖြစ်ဖြစ် ဘာကိုမှ စိတ်ညစ်နေမှာအပျော်
လွန်နေမှာ မဟုတ်ပါဘူး အားလုံးနေသားကျအောင် စည်းကမ်းကဘဲ ထိန်းငြှိပေးထားးပါလိမ့်မယ်ပေါ့
လူတွေအဆင်မပြေဘူး အလုပ်မဖြစ်ဘူး ပြောဆိုနေချိန်မှာတောင် စည်းကမ်းနဲ့ ဇွဲကောင်းသူ အလုပ်ကို သေချာယုံကြည်မှု အပြည့်နဲ့လုပ်ကိုင်သူတွေက အဆင်ပြေကြတယ်လေ ဒီတော့ သူများ အဆင်မပြေဘူး အသံကြား
တာနဲ့ ရောယောင်ပြီး ဟန်ပျက်သွားစရာမလိုအပ်သေးပါဘူး သူတို့အဆင်မပြေလဲ ကိုယ့်စည်းကမ်း ကိုယ့်ရည်မှန်းရာ ကိုယ့်လမ်းပြမြေပုံလေးနဲ့ နောက်မဆုတ်ဘဲရှေ့တိုးလုပ်ဆောင် သွားကြရမယ်လေ တစ်နေ့တော့
ရောက်ရှိရပါမယ် အဲ့ဒီနေရာ လူတွေရောက်ချင်တဲ့နေရာ လူတွေသွားနေတဲ့နေရာ ကိုယ့်အတွက် အောင်မြင်ခြင်းတွေက စောင့်ကြိုနေတုန်းဘဲ ကိုယ်သွားမှ ကိုယ့်အတွက်ဖြစ်မယ်ပေါ့ ရောက်အောင်သွားလိုက်ပါရစေ
ကိုယ့်အတွက်အားကိုးရာ မျှော်လင့်ရာ ဘာတစ်ခုမှမရှိချင်နေပါ ကိုယ့်အနားမှာ အားပေးဖေါ် တစ်ယောက်မှမရှီလဲ
ကိုယ့်စည်းကမ်းနဲ့ ကိုယ့်ရည်မှန်းရာကို အရောက်သွားလိုက်မှာပါ ဘယ်သူတွေကတားမှာလဲ ဘယ်အရာတွေကနှောက်ယှက်မှာလဲ ဘယ်တော့မှရပ်တန့် လိုက်မယ် မထင်ပါနဲ့ စိတ်ထဲမှာ စွဲနေတာတော့ အဲ့ဒီနေရာမှာ ကိုယ့်အတွက် ခမ်းနားလှပသော အိမ်ငယ်လေးဖြစ်ဖြစ် တဲလေးဖြစ်ဖြစ် အရိပ်ခိုရာ အပင်လေးတစ်ပင် ဖြစ်ဖြစ် ရှိကိုရှိနေတယ်ဆိုတာ အဲ့ဒါ ကိုယ့်ရဲ့ ယုံကြည်မျှော်လင့်ခြင်း အိပ်မက်ပါဘဲ
Author : @a7lady
Photos credit; Google Image