မြင့်မြတ်သောအချစ်

a7lady(55)
Published in
#busy
Words
77
Reading
1 min
Listen
Play
8y

npjthpcuoo.jpg

ကိုယ့်ဘ၀ခရီးလမ်းတွင် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရမည်ကို
တင်ကြိုပြီး တွေးထားသင့်ပါသည်။ တကယ်လည်း ဆက်သွယ်မှုပြုကြရသည်။
ဒီလိုဆက်သွယ်ရာတွင် မိဘနှင့် ဆက်သွယ်မှုမျိုး သားသမီးနဲ့ ဆက်သွယ်မှုမျိုး
ညီအစ်ကို မောင်နှမများနဲ့ ဆက်သွယ်မှုမျိုး မိတ်ဆွေများနဲ့ ဆက်သွယ်မှုမျိုး ချစ်သူအချင်း
ချင်း ဆက်သွယ်မှုမျိုး လင်နှင့်မယား ဆက်သွယ်ခြင်းမျိုး ဖြစ်ကြပါလေသည်။
ထိုကဲ့သို့ ဆက်သွယ်မှုမျိုးတွင် ဆက်သွယ်မှု တစ်ခုခု အဆင်မပြေဖြစ်သွားခဲ့မယ်ဆိုရင်
တော့ စိတ်မချမ်းမြေ့ဖွယ် စိတ်မကောင်းဖွယ် ဖြစ်ကြရပါလေသည်။
ဗျာဓိနှင့် မရဏ တရားတို့သည် မိမိတို့ရဲ့ ဆက်သွယ်မှုများကို မိမိတို့နှင့် ပြတ်တောက်သွားအောင် ပြုလုပ်တက်ကြပါလေသည်။
ပျောက်ပျက်ကုန်ဆုံးသွားသော ဆက်သွယ်မှုမျိုးရှိနေပါသေးသည်။
ကျိုးပျက်ပြယ် ပြတ်တောက်သွားသော ချစ်ခင်မှုများသည် ကိုယ်ကာယတွင် မတည်ဘဲ စိတ်နှလုံးတွင်သာတည်ပါလေသည်။ အတွင်းစိတ်မှာဖြူစင်သန့်ရှင်းသည်
ချစ်ခြင်းနှင့် ပါက်သက်လျှင် လူတို့သည် အမြဲတမ်းတက်ကြွခြင်း စိတ်ဝင်စားခြင်း
အပြည့်အ၀ရှိကြပါလေသည်။
မိခင်နှင့် သားသမီးများရဲ့ ချစ်ခြင်းသည် ကဘာပေါ်တွင် အမြင့်မြတ်ဆုံးသော အချစ်
ဖြစ်ပါလေသည်။ မိဘရဲ့ အချစ်ကို သိတက်သူသည် အချင်းချင်းလည်း နားလည်မှုရှိတက်ပါသည်။ စာနာ နားလည်ပေးတက်သူများသည် ချစ်ခြင်းရဲ့ သဘောကို သိသူများဖြစ်ကြပါလေသည်။
a7lady@a7lady
photo - google image