ခုခေတ်တွင် အလုပ်အတွက် အချိန်တွေများစွာပေးဆပ်လုပ်ကိုင်ကြရပါလေသည်။ တစ်ယောက်နဲ့
တစ်ယောက် စကားပြောချိန်ပင် မရှိသလောက်ဖြစ်လေသည်။ မိသားစုဝင်အချင်းချင်းပင် အေးအေး
ဆေးဆေး ပွန်းပွန်း တီးတီး နေချိန်မရှိသလောက်ဖြစ်လို့လာရလေသည်။ တစ်အိမ်တည်း အတူနေရ
ပါသော်လည်း စိမ်းနေလိုက်ကြတာ တကယ်တော့ သူ့အလုပ်နဲ့သူ မအားလပ်ကြလို့ဖြစ်လေသည်။
မိဘနဲ့ သားသမီးဆက်ဆံရေးမှာလည်း ရှေးတုန်းကလို ရင်းနှီးပွန်းတီးမှုကြောင့် လူ့ယဉ်ကျေးမှုတွေ
လက်ဆင့်ကမ်းတဲ့သဘောတွေ နည်းပါးဆုတ်ယုတ် လာပါလေတော့သည်။ လူငယ်တွေနဲ့ လူကြီးတွေ
ရဲ့မျိုးဆက်တစ်ဆက်ကတစ်ဆက်ကို ဒီလိုယဉ်ကျေးမှု လက်ဆင့်ကမ်းမှု စီးဆင်းမှု တစ်ဘက်က လျှော့ပါး
ဆုတ်ယုတ်လာတာနဲ့အမျှ လူငယ်တွေကလည်း တိုင်းတစ်ပါး ယဉ်ကျေးမှုတွေကို ထိတွေ့ယဉ်ပါးလာ
ကြပါလေသည်။ လူငယ်တွေ အဲ့ဒါကို သူတို့ခေတ်လို့ ဆိုပြီး လက်ခံနေတက်ကြပါလေသည်။
ဒါကြောင့် လူကြီးတွေနဲ့ အလှမ်းဝေးတဲ့ အပြုအမူတွေ အကျင့်အကြံတွေဟာ လူငယ်တွေရဲ့ အကြားအမြင်
အတွေ့အကြုံတွေထဲမှာ ရောက်ချင်တိုင်း ရောက်နေကြပါတော့သည်။ လူကြီးတွေရဲ့စိတ်ထဲမှာ သာယာ
ကြည်နူးချမ်းမြေ့ပြီး ပျော်ရအင်လာတဲပအခါတွင် သာယာတဲ့ စိတ်က စေ့ဆော်လို့ တွေးသီချင်းများ
နားထောင်ခဲ့ကြပါတယ် အခုခေတ်မှာတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်းခုန်ပေါက်ပြီး ဆူဆူပူပူ
ဒေါနဲ့မောနဲ့ သီဆိုတာဟာ တေးသံပဲလို့ လူငယ်တွေ သဘောကျတက်နေပြီဖြစ်လေသည်။
ယောက်ျားလေးတွေက သနပ်ခါးလိမ်းကြပါလေသည်။ ဆံပင်အရှည်ထားကြလေသည်။ နားဆွဲ လက်ကောက်
ဘယက်တန်ဆာဆင်ယင်ကြလေသည်။ မိတ်းကလေးတွေက ဆံပင်ကိုဖြတ် ဘောင်းဘီကိုဝတ် အဖေ့
ရှပ်အင်္ကျီကြီးမျိုးကို ၀တ်ဆင်ပြီး အလှဆင်ကြလေသည်။
အဲ့ဒီလို ပြောင်းတိပြောင်းပြန် ဖြစ်ကုန်ရတာတွေသည် ခေတ်သဘောတရား ယဉ်ကျေးမှုပြောင်းလဲခြင်း
သဘောတရာများသာဖြစ်လေတော့သည်။ အတွေးအခေါ် မြော်မြင်ပုံခြားနားလာခြင်းလို့လည်း တစ်နည်း
ဆိုနိုင်ပါလေသည်။
@a7lady
photo-google image