သူလာရာလမ်းတစ်လျှောက်

a7lady(55)
Published in
#busy
Words
96
Reading
1 min
Listen
Play
8y

j93l2mfz80i7432cikcu.png.resize.710x399.png

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်နီးပါးက အိတ်ချိန်းလို့ခေါ်သော တစ်ဆင့်ဆက်သွယ်ရသော
အင်နာလော့ တယ်လီဖုန်းများအစား ကိုယ်တိုင်နံပါတ် လှည့်ပြီးတော့ တိုက်ရိုက်ဆက်သွယ် နိုင်သည့် 
အော်တိုတယ်လီဖုန်းများ ချထားပေးမည်ဆိုတော့ လျှောက်လွှာတွေ အလုအယက်ဝယ်ကြရလေသည်။
စိတ်ဝင်စားသူတိုင်း အော်တို တယ်လီဖုန်း တစ်လုံး ဌားရမ်း သုံးစွဲနိုင်ခွင့်ကို စိတ်လှုပ်ရျားရင်ခုန်ခဲ့ကြရပါလေသည်။
ရှားရှားပါးပါး တယ်လီဖုန်းရရှီသူများကိုလည်း ထူးထူးခြားခြားကံထူးသူများ အဖြစ် တအံ့တသြဖြစ်ခဲ့ကြရပြန်သည်
တကယ်လည်း ကံထူးသည့်သူများဖြစ်ပါလေသည်။
ထုတ်ဈေးသောင်းဂဏာန်းမျှသာရျိသော တယ်လီဖုန်းတစ်လုံးသည် အခြားသူတစ်ယောက်လက်ကို ငွေကျပ်သိန်း
ပေါင်းများစွာဖြင့် ရောင်းချလိုက်နိုင်ကြလေသည်။ ပြီးနောက် သိပ်မကြာသော ကာလတွင် ပင် သိန်း ဆယ်ဂဏန်း
လောက်အထိ တန်ဖိုးများမြင့်တက်သွားပြန်ပါလေတော့သည်။ တစ်ထောင့်ကိုးရာကိုးဆယ် ၀န်းကျင်မှသာ ဆယ်လူ
လာဖုန်းတဲ့ ခေတ်စလို့လာပြန်ပါလေသည်။ အုတ်ခဲ တစ်လုံးနီးပါးရှိသော ဆယ်လူလာဖုန်းကြီး တွေကို ခါးမှာချိတ်
ထားသည့် လူတိုင်းအား မော့ကြည့်ကြရသည် ငေးမောကြည့်ကြရလေသည် ထိုအချိန် ရွှေဈေးက တစ်သိန်းဝန်းကျင်
ကာလကတည်းက တယ်လီဖုန်းကြီးတွေက ငွေကျပ် ဆယ်သိန်းကျော်တန်တာတဲ့လေ။
ထူထူထူရှိသော လူစည်သောနေရာတို့တွင် ဂိုက်စိုက် အပြည့်ဖြင့် ဟန်ပါပါ တယ်လီဖုန်းဆက်ကြပုံက ပျိုတိုင်းကြိုက်
တဲ့ နှင်းဆီခိုင်ဆိုသော စကားကို ပြေးလို့ သတိရမိစေလေသည်။ ထို့နောက်တွင်တော့ အသစ်တိုးချဲ့လာသောလိုင်း
ဖုန်းတွေ တစ်သုတ်ပြီး တစ်သုတ်ထွက်လို့လာတော့သည်နာမည်ပေါင်းစုံလေသော ဖုန်းပေါင်းများစွာ တန်းစီလို့
ထွက်လာပါတော့သည် ထိုမှစလို့ ဖုန်းဈေးများ ကျလို့လာပြီး အများသူငါကိုင်ဆောင်နိုင်သော တစ်ထောင့်ငါးရာ
ကျပ်တန်ဖိုးသို့တိုင် ရောက်ရှိလို့လာလေတော့သည်။
a7lady@a7lady
photo : google image

သူလာရာလမ်းတစ်လျှောက် | Ecency