နေရာလေးတစ်ခုကို ရွေးချယ်ခဲ့တယ် အဲ့နေရာက အမှတ်တရတွေများစွာရှိခဲ့တဲ့နေရာလေ
ဒီနှစ်သမီးလေးရဲ့မွေးနေ့ကတနင်္ဂနွေနေ့ကျတာမို့ သူ့ကျောင်းကသူငယ်ချင်းတွေနှင့်သောကြာနေ့ထဲက
သူ့မွေးနေ့လေးကျင်းပပြီးခဲ့ပြီဖြစ်သည်... ကျောင်းကနေ့တဝက်လွှတ်တာမို့ ကျောင်းကအပြန်သူငယ်ချင်းများနှင့်
မွေးနေ့အမှတ်တရပွဲလေးကျင်းပဖို့ သူ့ဟာသူစီစဉ်ခဲ့ခြင်းဖြစ်သည်...
ကျောင်းအပြန်မှာ သမီးနှင့်အတူ သူ့သူငယ်ချင်းမလေးများကို ကားဖြင့်ကြိုလျှက် အိမ်နားက ဈေးဝယ်စင်တာသို့
ပို့ပေးပြီး ကျမကအောက်ထပ်မှာ ကော်ဖီသောက်ရင်းထိုင်စောင့်နေခဲ့သည်...
ကော်ဖီသောက်ရင်း သမီးလေးရှစ်နှစ်အရွယ်ကအကြောင်းကိုသတိရပြီးပြုံးမိသွားသည်...
သူရှစ်နှစ်အရွယ် သောကြာနေ့တရက် ကျောင်းကပြန်အလာမှာ သူ့သူငယ်ချင်းနှင့်စနေနေ့ချိန်းထား၍ လိုက်ပို့ပေးဖို့ပြောလာသည်...
သေချာရဲ့လားသမီးရယ်ဆိုတော့ ခပ်တည်တည်နှင့် သေချာတယ် မနက်ကိုးနာရီတိတိ စီဒိုးနားဟိုတယ်ကရေကူးကန်မှာ
ဆုံဖို့ချိန်းခဲ့တာလို့ပြန်ဖြေသည်...
ကျမတို့ဇနီးမောင်နှံနှစ်ယောက်မှာ ဟုတ်မှဟုတ်ရဲ့လားလို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
တစ်ခုခုကို ပြန်သတိရလို့ နေပါပြီ