ဖြူစင်တဲ့ အချစ်ကို လိုလားတယ် အရောင်တွေနဲ့ အတ်တတွေပေါင်းစပ်ထားတဲ့
အချစ်တွေကို မဖြစ်စေချင်ခဲ့ပါဘူး တကယ်ချစ်ရင် ဒါတွေက အရောင်ဆိုးတဲ့
အပေါ်ယံ တပ်မက်မှုတွေဘဲလေ ဘယ်သူမှ ရက်စက်ခြင်းတွေကို မခံယူလိုဘူး
နော် ထားသွားရက်သူရေ နင့်မှာလည်း အခက်အခဲတွေ ရှိနေမယ်လား
နားလည်ပေးလို့ ရနိုင်ပါတယ် ဒါပေမယ့် စာနာမှုလေးတော့ ထားပါ
အချစ်က အသိညာဏ်တွေကို ဖုန်းပိတ်စေတော့မှာလား
နင်သတိရပါ တစ်ချိန်က နင့်အနားမှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တဲ့
ခပ်နုံနုံကောင်မလေး တစ်ယောက်ကိုပေါ့ တစ်ချိန်တုန်းကဆိုတာ
ပြီးဆုံးခဲ့ပြီမှန်ပါတယ် နင်ပြန်တမ်းတမိရင်တော့ ဒါဟာ မရှိတော့တဲ့
အရာဖြစ်နေလိမ့်မယ် နင်သိပါ နင်သိနိုင်ပါစေဟာ
@a7lady
photo-google image