snax ဆိုတာလေး အမြန်လုပ်ပါမည်

Words
221
Reading
1 min
7y
Listen to this post
~1 min

image.png
https://snax.one/

snax ဆိုတာလေး လုပ်ထားကြည့်မိပါတယ်နော် စာမေ၇းတာကြာလို့ အမှားတွေတော့ များနေမှာပါ
သူများတွေ လုပ်သလို လိုက်လုပ် ကြည့်တာ ပါဘဲ ဘယ်လို လုပ်ရတယ်ဆိုတာတော့ လူတိုင်းက ရေးနေလို့ မရေးတော့ပါဘူး
ရောက်တက်ရာရာ လေးတွေကို ဘဲ ချရေး လိုက်ပါတော့တယ် စတီးမစ်ပေါ်မှာ ရောက်ခဲ့တာ ဟိုတုန်းကပါ အခုနောက်ပိုင်းတော့ ဂိမ်းတွေဘဲ ကစားတော့ စာ မရေးဖြစ်ပါဘူး စာမရေးတာကို တော်တော် ကြာသွား ခဲ့ပါပြီ ဘယ်လောက်တောင် ကြာသလဲဆိုရင် လချီအောင် ကြာသွားခဲ့ပါတယ် စာရေးရတာကလည်း လွယ်တာ မဟုတ်ဘူးလေ ဘုတ်ပေးမယ့် သူကလည်း မရှိတော့ မရေးဖြစ်တာ လေ တကယ်ဆို ရေးခဲ့ရမှာနော် အဲ့သလို သာ မှန်မှန်လေး ရေးခဲ့မယ် ဆိုရင်လေ အခုထက်တော့ ပါဝါတွေ များနေမှာ အသေအချာပါဘဲ

စာရေး ပျင်းတဲ့ ကိုယ့် ကို ကိုယ်လည်း သနားတောင် သနား လာတယ် အခုမှ ပါဝါ တွေ လိုချင်နေတာလေ သူများတွေ ပါဝါကိုယ်စီနဲ့ ပွဲလယ်တင့်နေချိန်မှာ ကိုယ်က ပါဝါ မစြဖ်စလောက်လေးနဲ့ဆိုတော့ ရှက်တောင် ရှက်နေပါတယ် ဘာလို့များ အဲ့လောက်တောင် ပျင်းခဲ့လဲ မသိတော့ပါဘူး စာရေးတာလေး မှန်မှန် လုပ်ပြီး ပါဝါ ရသလောက် စုခဲ့ရင် အခုလောက်ဆို စတင်း ပါဝါ ငါးရာလောက်တော့ အောက်ထစ် ရနေမယ်လို့ ထင်တာလေ တကယ်ရေးတဲ့သူတွေဆို စတင်း ပါဝါ ငါးရာတောင် မကပါဘူး တစ်ချို့ဆို တစ်ထောင် ကျော်တောင် ရတာတွေ့တယ်
သူတို့က တကယ်ကြိုးစားခဲ့တာလေ ကိုယ့်မှာတော့ အခုမှ သူများပါဝါ သွားရည် ကျနေမိတယ် အားကျလိုက်တာနော်လို့ ပြောရတော့မယ် ဒါပေမယ့် စိတ်တော့ မပူပါဘူး စာမရေး ပေမယ့် ဂိမ်းတော့ မှန်မှန် ကစားတယ်လေ ဂိမ်းကစားတာက လည်း စတင်း ပါဝါ တိုးစေတယ်လို့ ပြောတာဘဲ ခက်နေတာက ကိုယ်လည်း ဂိမ်းကို ကောင်းကောင်း မကစားတက်ပါဘူး
အပျင်းပြေကစားတာလောက်ဘဲရှိပါတယ် ဒါလောက် ကစားနေရတာကိုဘဲ အလုပ်ကြီး တစ်ခု လုပ်သလို အချိန်တွေ ပေးလိုက်ရတာ အလုပ်ပျက် အကိုင်ပျက်ဖြစ်ရတဲ့ အထိပါဘဲ ၈ိမ်းတွေက စောစေား ကစားရင် အမြတ်တောင် ရတယ်နော်
ဂိမ်းတိုင်းလည်း မဟုတ်ဘူး ထင်ပါတယ် အခုတော့ နောက်ဆုံး ထွက်ထားတဲ့ ဂိမ်းကို ဖရီး ရိုက်ပြီး လိုက်ကစားနေတာလေ
ရင်းနှီးရအောင်လည်း စတင်းက အလုံ အလောက်မရှိတာနဲ့ သူပေးတဲ့ ဖရီးလေးတွေနဲ့ဘဲ အပျင်းပြေသဘော ကစားနေတော့တယ်
အခုတော့ တိုကမ်ဆိုတာလေး အသံကြာတာနဲ့ ၀င်လုပ်ကြည့်တာပါ လုပ်တဲ့သူတွေလည်း များတော့ ဘာမှန်းတော့ မသိဘူး ပိုက်ဆံ ဖြစ်လာမယ်လို့တော့ ပြောကြတာပါဘဲ ဘယ်လို ဖြစ်လာမလဲတော့ စောင့်ြ့ည့်ရမယ်နော်
တကယ်လို့များ ပိုက်ဆံရရင်တော့ စတင်းတွေ ပြန်ဝယ်ထည့်လိုက်ပါမယ် စတီးမစ်ပေါ်က ရတာ စတင်းတွေဘဲ ပြန်ပွားအောင် လုပ်မယ်လေ ပေးမပေးတော့ မသိဘူး
သူများတွေ ပြောတာတော့ နောက်တောင်ာ ကျနေပြီတဲ့ မှီချင်လဲ မှီမှာပါတဲ့ မှီလေမလားလို့ လုပ်လိုက်တာဘဲ စောနကကတော့ တိုကမ် တစ်ရာ ရပြီးပြီး စာရေးရင်ပိုရတယ် ဆိုလို့ အမြန်လေး ရေးတင်လိုက်တယ် ရပါစေလို့တော့ ကြိတ် တဆုတောင်းနေမိတယ်
တိုကမ်းများများရမှ ပိုက်ပိုက်များများ ရမယ် တဲ့လေ
စာရေးတာက အကောင့်ဖောကါတာထက် ဆယ်ဆမက ပိုရတယ်တဲ့ ကိုယ်လည်း ရချင်ပါတယ်နော် ပေးပါစေလို့ ဆုတောင်းလိုက်ပါတယ်
a7lady@a7lady

snax ဆိုတာလေး အမြန်လုပ်ပါမည် | Ecency