စိတ်ချမ်းသာပျော်ရွှင်နိုင်ရေး
နေ့စဉ်နေ့တိုင်း ခံစားရတာကတော့ စိတ်ချမ်းသာခြင်း စိတ်မချမ်းသာခြင်းဆိုတာတွေပါဘဲ အသက်ရှင်သန်နေရတဲ့
လူ့ဘ၀မှာ ရည်ရွယ်ချက်ရည်မှန်းနဲ့အလုပ် လုပ်ကိုင်နေရမှာဖြစ်တယ်။ စိတ်ချမ်းသာမှုဆိုတာ ကိုယ့်စိတ်က ကျေနပ်
နှစ်သက်တာကိုခေါ်တာပါ။ ရည်ရွယ်ချက် ရည်မှန်းချက်လေးတွေ ကိုယ်စီ ရှိတော့ အလုပ်လုပ်တဲ့အခါ ဒီစိတ်လေးနဲ့
တွေးတော ကြံဆ အားယူနိုင်တာပေါ့။ ပျော်ရွှင်ခြင်းဆိုတာ အလုပ်လုပ်ရင်းကဘဲ ရနိုင်တာပါ။ အပြင်မှာ ငွေကုန်ခံပြီး
ပျော်လို့ရတယ်ဆိုတာ တစ်ခါတရံလောက်သာ ကောင်းမွန်တာပါ နေ့တိုင်းလဲ မပျော်နိုင်ပါဘူး ပျော်နိုင်သူလဲ မရှိဘူး
ထင်တာပါဘဲ ကိုယ်တိုင်က အဲ့လိုနေ့တိုင်း မပျော်ဖူးတာလဲ ဖြစ်နိုင်ပါတယ်။ အလုပ် လုပ်ရင်း ပျော်ရတဲ့ အပျော်ကတော့ တကယ်ကို စိတ်ချမ်းသာမှုပေးနိုင်တာတွေ့ရပါတယ် အလုပ်တစ်ခု ပြီးမြောက်သွားလို့ ရတဲ့ ကျေနပ်
ပျော်ရွှင်မှုက တကယ်ကို ဘာနဲ့မှမတူပါဘူး။
အလုပ်မှာ ပျော်ရွှင် ကျေနပ်တက်သူဟာ ဘယ်လောက် စိတ်ညစ်စရာတွေ့ကြုံနေရလဲ သူ့အတွက်တော့ စိတ်ထွက်ပေါက် တစ်ခုတော့ အမြဲရှိနေတယ် လွတ်လမ်းတော့ အမြဲတွေ့နေရမှာပါဘဲ သူ့အတွက် အခက်အခဲဆိုတာယာယီသဘောဘဲနေမှာပါ အလုပ်မှာပျော်မွေ့နေတဲ့အတွက် စိတ်ညစ်ချိန်လည်း နည်းပါးသွားမယ် အလုပ်မှန်မှန်လုပ်နေသူအတွက်တော့ အားလုံးက အဆင်ပြေနေဖို့များပါတယ် လူ့ဘ၀ရဲ့ အများ
သတ်မှတ်လက်ခံထားတဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ အလုပ်ကနေဘဲ စီးဆင်းလာတာပါ။ အလုပ်ကြောင့် မျှော်လင့်
ခြင်းတွေရှင်သန်လာတယ် အလုပ်ကြောင့် ကိုယ်နဲ့ထိုက်သင့်တဲ့ ၀င်ငွေ အခွင့်အရေးတွေရလာတယ် အလုပ်ကြောင့်နာမည် ဂုဏ်သတင်း တွေပိုင်ဆိုင်လာတယ် အလုပ်ကြောင့် ရရှိတာတွေက အများကြီးပါဘဲ ကိုယ့်အလုပ်မှာ ကိုယ်ကျေနပ်ပျော်ရွှင်ခြင်းကတော့ အခြေခံအကျဆုံးသော အချက်ဖြစ်ပါတယ်။
ကိုယ့်စိတ်ကိုယ် ကျေနပ်ခြင်း ကိုယ့်လိပ်ပြာကိုယ်လုံခြင်း မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတွေက အားတက်ရွှင်လန်းစိတ်ကနေလာတာပါ ဒီစိတ်ကလည်း ကိုယ့်ကိုယ်တွင်းကဘဲ လာတာပါ။
အားတက်ရွှင်လန်းစိတ်ကြောင့် အရာရာဟာ လုပ်သမျှ အဆင်ပြေလာပါတော့တယ် ဘယ်အလုပ်ဖြစ်ဖြစ် စိတ်ချမ်းသာကိုယ်ချမ်းသာ လုပ်ကိုင်နိုင်ပါတယ် ဒီလို စိတ်ချမ်းသာခြင်းသံသရာလည်တာကို နားလည်လာတဲ့အခါ
အလုပ် လုပ်ကိုင်ရတာကို စိတ်ညစ်စရာ ပင်ပန်းစရာ တာဝန်တစ်ရပ်အဖြစ် မရှုမြင်တော့ပါဘူး။
ကိုယ့်အလုပ်မှာ ကိုယ်ပျော်ပိုက်ဖို့တော့လိုတယ် ကိုယ်လုပ်တဲ့အလုပ်ကို စေတနာထားလုပ်ရမယ်။ ၀န်ထမ်းဖြစ်နေ
ရင်တောင် ကိုယ့်အလုပ်ကိုယ် ကိုယ်ပိုင်အလုပ်တစ်ခုလို မိသားစုအလုပ်တစ်ခုလို သဘောထား လုပ်ဆောင်နေနိုင်ရမယ်လေ အလုပ်ကြောင့်ရတဲ့ စိတ်ချမ်းသာ ကျေနပ်ပျော်ရွှင်မှုက ရတဲ့လခထက်များစွာ အဖိုးထိုက်တန်နေအောင် ကျင့်ကြံနေထိုင်တက် လုပ်ကိုင်တက်ရမယ်လေ။
ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ လေးစား တန်ဖိုးထားရန် လိုအပ်တယ်နော်။ ကိုယ့်ဘ၀အတွက် တိုးတက်ကြီးပွား
အောင်လုပ်ဆောင်ပေးမှာက တန်ခိုးရှင် ဖန်ဆင်းရှင် မဟုတ်ပါဘူး ကယ်တင်ရှင်လည်း ဘယ်သူကမှမဟုတ်ပါဘူး
ကိုယ်လုပ်တဲ့ ကိုယ့် အလုပ်ကဘဲ ကိုယ့်ကို ကယ်တင်ပေးမှာ ဖန်ဆင်းပေးမှာပါ။အလုပ်ကြောင့်စိတ်တွေ တက်ကြွ
ရွှင်လန်းလာတယ် ရွှင်လန်းတဲ့ တက်ကြွစိတ်လေးက ကိုယ့်ရဲ့မျက်နှာမှာပေါ်လွင်လာတယ် အရောင်ထွက်လာတယ်
တက်ကြွရွှင်လန်းတဲ့ ကိုယ့်စိတ် ကိုယ့်မျက်နှာက မြင်ရသူအပေါင်းကို စိတ်ချမ်းသာ အားတက်စေပြန်ပါတယ်။
အလုပ်တစ်ခုကို ကိုယ့်စိတ်တိုင်းကျ ပြီးမြောက်အောင် ဆောင်ရွက်လိုက်နိုင်တာလောက် ကိုယ့်စိတ်ကို ကျေနပ်မှု
ပေးနိုင်တဲ့အရာ လောကမှာ မရှိတော့သလိုပါဘဲ။ ဒါက ပိုက်ဆံပေးဝယ်လို့ ရနိုင်တဲ့ခံစားမှုမဟုတ်ပါဘူး ပိုက်ဆံ
ပေးလို့ရတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုတိုင်းက တကယ်တမ်းမှာ ဘေးထွက်ဆိုးကျိုးများစွာနောက်က လိုက်လို့လာတက်
ပါတယ် ဥပမာ သောက်စားတာ ပျော်ပါးတာ ဒါတွေက ရောဂါတွေရစေတယ် ငွေကုန်စေတယ် ခိုက်ရန်ဖြစ်စေတယ်
ယဉ်တိုက်မှုတွေ ဖြစ်စေနိုင်တယ် အခန့်မသင့်ရင် ပျော်ရွှင်စရာတွေ ရှာဖွေရင်း လုပ်ရင်းနဲ့ အသက်ပါဆုံးနိုင်သေးတယ်နော် ဒါတွေက တကယ်တမ်း အလုပ်ကြောင့်ရတဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုလောက်မကောင်းဘူးလို့ ပြောချင်မိတာပါနော်။ အားလုံး မိမိအလုပ်ကို ပျော်ရွှင်ချမ်းမြေ့စွာ လုပ်ဆောင် နိုင်ကြပါစေလို့။
Author : @a7lady
Photos credit; Google Image