စိတ်ထားတက်ပါစေ

a7lady(55)
Published in
#writing
Words
89
Reading
1 min
Listen
Play
9y

ဟိုတုန်းပဖြစ်လေသည်ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားလေသည် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်
မေးလေသည် ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလောက်လားခင်ဗျ သားပိုက်ဆံမလောက်လို့ပါနော်
အော်ရပါတယ်သားရယ်ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက
ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်ဒီကလေးကိုလုပ်ပေးပါဦးနော်အော်ဒါနဲ့ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်သူစားလို့အဆင်အြေအောင်ပေါ့တဲ့ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်ပါလေသည်ကောင်လေးက သူ့ကိုထပ်မှာပါလေတော့တယ်

အော်ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျသားအတွက်ပါ
ကောင်းလေးခမျာ ပြောသာပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပေါ်ပါလေသည်
အော်ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်းကလေးရေသား ညနေကြရင် စားဖို့ပါခင်ဗျာ.ဦး
ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီးတော့အင်းဒီကောင်လေးကြည့်ရတာ မြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေက ငွေကြေးအခက်ခဲ ရှိပုံရလေတဲံ့ပုံပါလား

မှန်သည်အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါဘဲ ဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာ ကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်ကတော့သူတို့လင်မယားမှာ ရှိပြီးသားဖြစ်နေလေသည်ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့
သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့လည်း
ရှင်ဘာလုပ်နေတာလည်း တော်ကတော့လေကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေအော်အမလေးရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားတော်
ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လားတော်ကြောက်စရာမဟုတ်တာရှင်ရယ်ကျွန်မလည်း စာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါတော်
ဟာကွာဒီမိန်းမ ဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာအဖြစ်ရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီးမှသူလာရဲတော့မလည်းတော့ဟုတ်ဘူးလား

ဆိုင်ရှင်မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပနဲ့ လူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဆိုတာတွေးပြီးသဘောကျလို့နေချေသည်
a7lady@a7lady
photo-google