ဘ၀ဒသနလို့ ခေါ်နေကြတဲ့ လူပဘ၀ကို မြင်ပုံမြင်နည်းကလည်း အမျိုးမျိုးရှိပါလေသည်။ သူ့ကျွန်ဘ၀ကို ကျရောက်ခဲ့စဉ်တုန်းက လူမျိုးတိုင်းနိုင်ငံသားတိုင်းသည်ရည်မှန်းချက် တစ်ခုသာရှိခဲ့ကြသည် တူညီသောရည်
မှန်းချက်လည်း ဖြစ်ခဲ့လေသည်။ ထိုအရာသည်ကတော့ သူ့ကျွန်ဘ၀မှ လွတ်မြောက်
ေ၇းသည်သာဖြစ်တော့သည်။ စာနယ်ဇင်းတွေကလည်း တဖွတဖွရေးနေကြပါလေသည်။ အသင်းအဖွဲ့တွေကလည်း တယယပြောနေကြ
ပါလေသည်။ နေရှင်နယ် ကျောင်းလို ကျောင်းသားတွေကလည်း ကျောင်းသားတွေကို
နေ့တိုင်း ဟောပြောနေတာဖြစ်သည့်အတွက် လူငယ်မိန်းကလေးများရဲ့ စိတ်ထဲတွင်
တိုင်းပြည်အတွက် သားကောင်း သမီးကောင်းများ ဖြစ်ချင်သည့် စိတ်ကလေးကတော့ သိပ်ကို ပေါ်လွင်လို့နေခဲ့ပါလေသည်။ အလိုတော်ရှီတို့ငို့ဘသများတို့ အချောင်သမား
တို့ စားဖားတို့ဆိုတာ ကတော့ လူငယ်တွေက အင်မတန် ရွံမုန်း စက်ဆုတ်သည့်
စကားလုံးများဖြစ်လို့နေခဲ့လေသည်။
အဲ့ဒိလိုတိုင်းပြည်အတွက် အဖိုးတန်သော သားကောင်း သမီးကောင်းလေးတွေ
ဖြစ်ရလေအောင် ပထမအရေးအကြီးဆုံးသည် မျိုးချစ်စိတ်ရှိရမည်ဖြစ်သည် ဒုတိယ
အရေးအကြီးဆုံးကတော့ ပညာရှာရမည်ဖြစ်သည်။ တတိယအရေးအကြီးဆုံးကတော့ စိတ်ဓါတ်ကိုယ်လက် ကြံ့ခိုင်ကြရမည် ဖြစ်ပါသည်။
@a7lady
photo-google image