စီးပွားရေးလောကတွင်

a7lady(55)
Published in
#busy
Words
64
Reading
1 min
Listen
Play
8y

ote619xc4e.jpg

ငွေစုတယ်ဆိုတာ အကျင့်ကောင်းတစ်ခုဖြစ်တယ် ငွေစုတဲ့ အကျင့်လေး ရှိနေသူအတွက်
ငွေရရှိဖို့ဆိုတာ သေချာပါတယ် ငွေကို ရှာနိုင်သလောက်ရှာပြီး ရသမျှကို သုံးနေသူအတွက်
ကတော့ ဘယ်လိုမှ အဆင်ပြေစွာ စုဆောင်းမိမှာ မဟုတ်ပါဘူး
ငွေဘယ်လောက်ရှာလို့ရနေတယ်ဆိုတာထက် ဘယ်လောက်စုဆောင်းမိနေတယ်ဆိုတာ
ပိုပြီး အရေးကြီးပါတယ် ငွေများများစုဆောင်းမိသူက ဘာမဆို ထလုပ်လို့ရပါတယ်
ငွေရှာနိုင်သူဆိုတာကလည်း အချိန်ကာလ အပိုင်းအခြား အကန့်အသက်ရှိပါတယ်
အမြဲရှာနေနိုင်မယ်လို့ မည်သူက အာမခံနိုင်မှာလဲ အများဆုံး ရှာနိုင်သူလည်း တစ်ချိန်မှာတစ်ပြားမှ
မ၀င်သောနေ့ဆိုတာ ရှိလာမယ် ငွေစုဆောင်းနိုင်သူကတော့ ငွေရှာနိုင်တာနဲ့ ပေါင်းစပ်မိ
တဲ့အခါ ဘာမဆို ဖြစ်လာနိုင်တယ်ဖန်တီးနိုင်ပါတယ် ငွေစုဆောင်းတက်သူဟာ
ဘာမဆိုဖန်တီးနိုင်တယ်လို့ ပြောလို့ရပါတယ်
ငွေကိုမှန်မှန်စုပါ ငွေကို ရနိုင်သလောက်ရှာပါ ငွေကို တိုးပွားအောင်လုပ်ပါ
အသုံးနဲ့ အဖြုန်းကို ခွဲခြားသိမြင်တက်ပါစေ ဒါဆိုရင်တော့ မကြာခင်မှာ ချမ်းသာပြည့်စုံ
သူတစ်ဦးဖြစ်လာမယ်ဆိုတာ သေချာပါတယ် ချမ်းသာသူများဟာ စည်းကမ်းရှိသောသူများ
ဖြစ်ကြပါတယ် ငွေကို စည်းကမ်းတကျ စနစ်ကျကျသုံးတက်ဖို့လိုပါတယ်