ဆရာတော်အစွမ်းပါ

a7lady(55)
Published in
#writing
Words
46
Reading
1 min
9y
Listen to this post
~1 min

နောက်ဆုံးမှာတော့မီးပူဇော်ရန် ပြင်ဆင်ကြပါလေ၏ ထိုအခါ ထင်းပုံကြီးသာမီးလောင်၍ ကုန်သွားပါလေ၏ ရုပ်ကလာပါတော်မှာ လုံးဝမီးကူးခြင်းမရှိပါလေအလွန်အံ့ဖွယ်ဖြစ်ပါသည်ဒီလိုဖြစ်နိုင်ပါ့မလားပေါ့
ဤသို့ဖြင့် ကြံရာမရတော့ဘဲ တစ်ဖန် မှန်ခေါင်းတွင်ထည့်သွင်းလျက် ပူဇော်ကြရပြန်လေတော့၏ ထိုနောက် ကုန်ပြင်ထက်တွင် ဂူဗိမာန်ဆောက်လုပ် ပူဇော်ကြပြန်လေ၏
နောက်တော့ တစ်နှစ်လျှင် တစ်ကြိမ် မွေးနေ့တိုင်း ဆွမ်းကပ်ကြသည် ဆိုကါသလေ၏ တစ်ပြိုင်တည်းမှာပင် သင်္ကန်းလဲလှယ်ပေးခြင်းကိုလည်း ပြုလုပ်ခဲ့ပါလေ၏၄င်းအပြင် အညစ်အကြေးများကိုလည်း သန့်စင်ပေးခဲ့သည်ဟုဆိုပါလေ၏အချိန်ထိတိုင်လည်း ရုပ်ကလာပ်တော်မှာ ပကတိအတိုင်းကဲ့သို့ဖြစ်နေလေ၏အသားအရေတို့မှာ ဝါဝင်းလျက်ရှိနေလေ၏အကြောများလည်း ခပ်စိမ်းစိမ်းရှိနေလေ၏ ထို့အပြင် ဆံပင်များကလည်းရှည်လာလေသည်ထိုမျှသာမကသေး လက်သည်း ခြေသည်းများမှာ ရှည်လာတတ်ကြောင်း တွေ့ရှိရပါလေ၏
ဆရာတော်ကြီးပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၆၀ ကျော်၍ ၇၀ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါလေ၏သို့သော်လည်း ရုပ်ကလာပ်တော်မှာ ကျိုးပဲ့ပျက်ယွင်းခြင်းလည်းမရှိပါလေဆွးမြေ့ခြင်းလာ်းမရှိပါဘေအလွန်ထူးခြားလှပါလေ၏နောက်တစ်ခါအရောက်သွားပါမည်