ငါကလေနင့်ကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး
ဒါပေမယ့်လည်းလေ နင့်ကို စိတ်မဆင်းရဲအောင်တော့လုပ်ပေးနိုင်ပါတယ်
ငါကနင့်ရဲ့ သောကအပူတွေကို ကင်းစင်သွားအောင်လုပ်မပေးတက်ဘူး
ဒါပေမယ့်လည်းလေ ငါကနင့်ကို သောက အပူတွေ ဖြစ်အောင်မလုပ်ပါဘူး
နင့်ရဲ့ ပျော်ရွှင်မှုတွေကို ငါလေ ဖန်တီးမပေးနိုင်ပါဘူး
ဒါပေမယ့် နင့်ရဲ့ အပျော်တွေကိုတော့ ငါ့ကြောင့်မပျက် စီးစေရပါဘူး
တစ်ခါတလေတော့ တွေးမိတယ်လေ နင်ငါ့ကို ရှိတယ်လို့တောင် မထင်ပါဘူး ဒါပေမယ့် နင့်အနီးနားမှာ ငါက အနီးဆုံးလူပါဘဲ
နင်အဆ ပနေချိန်ဆို ငါ့ကို ရှိတယ်လို့တောင် မထင်ဘူးမဟုတ်လား
နင် အဆင် မပြေတဲ့အချိန်ဆိုရင်တော့ ငါ့ကိုနင်တမ်းတတက်ပါတယ်
ဟုတ်တယ်ေ လ အဲ့ဒီအချိန်ဆို နင့်အနားမှာ ငါတစ်ယောက်တည်းဘဲရှိနေ
တာမဟုတ်လား။ ဒါကလည်း ခဏပါဘဲ နောက်ပိုင်း နင်က မေ့လို့သွားတာ
ပါဘဲ ဒီလိုနဲ့ မေ့လိုက် သတိရလိုက်နဲ့ အခေါက်ခေါက် အခါအခါ ဖြစ်နေတော့ ငါလည်း နေတက်သွားပါပြီ သတိမရတဲ့အခါလည်း နင့်အနား
ရှိနေမှာဘဲ နင်သတိထားမိလို့ ငါ့အပေါ် ဂရုတစိုက်ရှိရင်တော့ ငါလေ ပျော်
ရွှင်ရတာပေါ့။ နင်သတိမထား လည်း နင့်အပေါ် ငါ့ရဲ့ စိတ်ခံစားချက်တွေက
ပြောင်းလဲလို့ မသွား ပါဘူး ဘာတွေဘယ်လိုဖြစ်ဖြစ်နင့်အနား အမြဲရှိေ နမယ့် နင့်ရဲ့ အရိပ်ကေ လးပါဘဲ နင်သတိထားသည်ဖြစ်စေ သတိမထားေ တာ့သည် ဖြစ်စေပေါ့ နင့်ရဲ့ အနီးဆုံးအဖော်ကတော့ နင့်ရဲ့ အရိပ် ကလေးငါဘဲ မဟုတ်လား။ နင့်အတွက် ဆိုရင်လေ ငါက အနီးဆုံးလူပါနော်။
@a7lady
photo : google image