လူတိုင်းသည် လောဘသများ ဖြစ်ပါသည်။ ဒီလိုပြောတာကို မကြိုက်သူတွေလည်း
ရှိနေသည်။ အမှန်တကယ်ပင် လောဘ သားကောင်များဖြစ်သည်။ နေ့စဉ် စားဝတ်နေရေးအတွက် လောဘသည် မရှိမဖြစ်သော အရာတစ်ခုဖြစ်ပါသည်။
လောဘကြောင့်ပင် အရောင်းအ၀ယ်ဆိုသည်က ဖြစ်တည်လာရပြန်ပါသည်။
လောဘတွင်လည်း အနုစားလေဘတွေ အကြမ်းစားလောဘတွေ ကွဲပြားနေရပြန်ပါသည်။
မတော်လောဘ တော်လောဘဟုလည်း ခေါ်နိုင်သည်။ ကိုယ့်အတွက် လိုအပ်သော
စားဝတ်နေရေး အတွက် ရှာဖွေရသည်ကို တော်လောဘဟု ဆိုနိုင်သည်
စားဝတ်နေရေးထက် ပိုသော ချမ်းသာကြွယ်ဝရေး ဆိုသည်မှာတော့ မတော်လောဘတွေ
စတင် ရောထွေးနေပြီ ဖြစ်လေသည်။ အဘယ်လောဘ သားကောင်နည်း