တအားကိုဘဲထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်ပါအသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်သည် အသွင်ပြောင်းသော သူသည် အမျိုးပျောက်သည်မကိုက်တတ်သော ခွေးသည် ဟောင်သည်ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်းသည်ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါ၏တဲ့မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါလေထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါလေငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲပါလေ
ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေပါ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေပါကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျသည်တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာလေသည် ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်လေသည်ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်းသည်၊ အိုးစည်လုပ်သူ ၀ါးခေါင်းကို တီးသည်
ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြုလေသည်တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်လေသည်