လှံထမ်းလာသည်ကိုသာ မြင်ကြရပါလေသည်
ကံထမ်းထာတာကို မြင်တွေ့ဖို့မဖြစ်နိုင်
ကံတရားသည် အလွန်ဆန်းကြတယ်လို့နေသည်
အချိန်ဆိုသော ရွှေတုံးကို အကျိုးရှိအောင်
အသုံးချကြရပေမည်။
ကံတရားသည် အသစ်ဖြစ်နေသည်
အသုံးချရမည်က ကံသစ်ကိုကံကောင်းအောင်လုပ်ဖို့
လိမ်မာသောငှက်ကလေးရေ နားခိုစရာနေရာရှာဆဲလား
သစ်ပင်ကောင်းတစ်ပင်တော့ မင်းတစ်နေ့
ရွေးချယ်တက်သွားမှာပါနော် တကယ်ပါဘဲ
ထူးခြားသော ဆန်းကြယ်သော
ကံတရားများက မင်းကို လမ်းပြကြလိမ့်မယ်
မင်းအတွက်နေ့သစ် နေရာသစ်ဖြစ်လာမှာပေါ့
ကံသာလျှင်အမိ ကံသာလျှင်အဖလို့
ငါတို့ကမှတ်ယူခဲ့တယ်လေ တစ်ချိန်ကပေါ့
ကံကိုဘဲ အားကိုးနေချင်ကြတာပါ အမြဲတမ်းနော
တကယ်က ကိုယ်လုပ်မှ ကိုယ်ရတာလေ
ဘယ်သူ့ကို အားကိုးချင်နေမိတာလဲ
တကယ်ကို မသိတော့ပါဘူး
@a7lady
Image credit - original source https://www.pexels.com/photo/person-holding-plant-pot-1121230/