ဘ၀ဒသနလို့ခေါ်ကြတဲ့ လူ့ဘ၀ကို မြင်ပုံနဲ့ပတ်သက်ပြီး အမေတို့ငယ်ငယ်ကတော့
နိုင်ငံက သူ့ကျွန်ဘ၀မှာ ဖြစ်တော့ နိုင်ငံသားတိုင်းရဲ့ရည်မှန်းချက်ကဘာဖြစ်မည်လဲ
ဆိုတာ မနေ့ကပြောခဲ့ပြီလေ။ ဒါကြောင့် ယောက်ျားလေးတိုင်းဆိုရင် ကျားကျားလျှာ်း
လျှားနဲ့ သမန်မာထွားကျိုင်းမှ တိုင်းပြည်နဲ့ လူမျိုးက အားကိုးရမယ့် သားကောင်းတစ်ေ
ယာက်ဖြစ်လာဖို့ လူတိုင်းက မျှော်မှန်းသလိုပါဘဲ လုံမငယ်တိုင်းကလည်း ဖြစ်စေချင်
ကြပါတယ် ဒါကြောင် ယောက်ျားလေးက သနပ်ခါးလိမ်းတယ်ဆိုရင် လူ့အဖွဲ့အစည်းက လက်မခံနိုင်ပါဘူး ၀ိုင်းပြီး သရော်မှာပါ။ ရှုတ်ချမှာပါ။ လူဆိုတာ အ
ဖွဲ့အစည်းနဲ့နေရတာလေ။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ကြပါဘူး
ခုခေတ်မှာတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က မင်းပိုက်ဆံ ရအောင် ဘယ်နည်းနဲ့
ဖြစ်ဖြစ်ရှာပါ။မရှာနိုင်ရင်တော့ ဖွတ်ပဲလို့ ကဲ့ရဲ့ပြစ်တင်ကြပါမယ်။ ရတယ်ဆိုရင်
သုံးဖြုန်းပါ လုပ်ချင်တာလုပ်ပါ ရှာနိုင်ရင် အားလုံးတင့်တယ်သွားပြီ လူပုံအလယ်မှာ
ထင်ပေါ်ပြီလေ ပြီးတော့ အချင်းချင်းမှာ ငါကဘယ်သူ ငါကဘယ်ဝါလို့ ထင်ပေါ်အောင် ကျော်ကြားအောင် အမျိုးစုံ သူများထက်ထူးအောင် ၀တ်စားဆင်ယင်ကြတာ ကင်းမှီးကောက်ထောင်ပြတာမျိုး လုပ်ပြပြီးတော့ ငါဆိုတဲအတ်တကို ရှေ့တန်းတင်လာကြပါတယ် ကြိုးစားလာကြပါသည်။
လူငယ်လေးတွေ ၀တ်စားဆင်ပြင်မှုတွေမှာ တောလုပ် တောင်လုပ် လုပ်နေကြတာ
အဲ့ဒီလို ငါ လို့ ထင်ပေါ်ကျော်ကြားအောင် လုပ်ပြနေတာဘဲလေ။ သူတို့မှာ မှန်ကန်
မွန်မြတ်တဲ့ ဘ၀ဒသန မရှိတော့ဘူးပေါ့
ခေတ်ပါဘဲ ဒီခေတ်ကြောင့် အခုလို ဖြစ်လာကြတာလို့တော့ တရားသေ မှတ်ယူလို့
မရနိုင်ပါဘူး စိတ်ဓါတ်လေးတွေပါ လှိုက်စားလာတာဖြစ်လို့ သတိတော့ ထားသင့်ကြပါတယ်
@a7lady
photo-google image