ဘဝအတွက်လှပါစေ

a7lady(55)
Published in
#writing
Words
63
Reading
1 min
9y
Listen to this post
~1 min

image

မျက်ရည်တစ်စက်ကမွေးဖွားပေးလိုက်တဲ့မာနက
ကျမ အလှပြင်တာ ပုရိသတွေကိုတော့
ဆွဲဆောင်ဖို့လို့ထင်နေလားမသိ
မိန်းကလေးမို့ အလှကြိုက်တယ် ဆိုတာထက်ပေါ့
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ အလှပြင်တာပါ
ကျမ အပြင်သွားခါနီးတိုင်း
အဝတ်အစားရွေးနေရတာကြည့်ပြီးတော့
လှောင်ပြုံးချင်နေတာပေါ့
စတိုင်ထုတ်တာ စတားဖြစ်ချင်လို့မဟုတ်ဘူးလေ
သူ့နေရာသူအချိုးကျကျ ဝတ်တတ်မှစမတ်ဖြစ်ပါမယ်
တောင်းမှအကွပ် လူမှာအဝတ်တဲ့လေ
လူကြီး၊လူရွယ်၊လူငယ်မရွေးပဲလူရာ
ဝင်ဆန့်အောင်နေပြီး ပွင့်လင်းရိုးရှင်း
ဆက်ဆံတတ်တာက
ကြည့်မရဖြစ်နေတာလားလေ
မိန်းကလေးဆိုတာ မျက်လွှာချပြီးနေမှတော့
အိနြေ္ဒရှင်လို့ ပြောရမယ့်ခေတ်မဟုတ်တော့ဘူးလေ
မကလက်ရင်ပြီးရော လူရာဝင်အောင်တော့ပေါ့
နေတတ်ရမယ်လေ
စာပေါင်းစုံ ဖတ်၊ဗဟုသုတပေါင်းစုံရှာတတ်တာက
အပိုအလုပ်တွေလို့ ပြောချင်နေတာပေါ့
မိန်းကလေးမို့ မဖတ်သင့်တဲ့ စာတွေ
မရှာသင့်တဲ့ ဗဟုသုတလို့ ရှိပါ့မလားလေ
သိသင့်တာ သိအောင်တော့ လုပ်ထားရမယ်လေ
သိရက်နဲ့ မှားတဲ့ အမှားနဲ့ မသိလို့ မှားတဲ့အမှားက
ဘယ်ဟာပိုများလဲ တွေးကြည့်ပါလား
ကျမ မျက်ရည်ကျတာ အရှုံးကိုလက်ခံလိုက်တယ်လို့များ
ထင်နေဦးမှာလားလေ
မျက်ရည်တစ်စက်က မွေးဖွားပေးလိုက်တဲ့ မာနက
ဘယ်လိုမီးမျိုးနဲ့မှ ပြာကျမသွားနိုင်တာတော့
သိထားလိုက်ပါလေ

ဘဝအတွက်လှပါစေ | Ecency