ဘ၀တည်ဆောက်ရေး

a7lady(55)
Published in
#busy
Words
150
Reading
1 min
Listen
Play
8y

personal-3402370_960_720.png

ဘ၀တည်ဆောက်ရေးအစဉ်အမြဲတိုးတက်တဲ့ဘ၀တည်ဆောက်ရေး အစဉ်အမြဲတိုးတက်တဲ့ဘ၀တည်ဆောက်ရေး တစ်ထောင့်ကိုးရာ သုံုးဆယ် ကျော်ကာလတွင် တိုးတက်ကြီးပွားရေး ဆိုသော
ရည်ရွယ်ချက်များနဲ့ တက်ကျမ်းစာပေများကို ထုတ်ဝေခဲ့ကြသည်ဟု သိရပါလေသည်။ ဒီလို ထွက်ပေါ်လာတာဟာ တစ်မျိုးတစ်ဖုံထူးခြားပါသည်။ စာစောင်နာမည်များကို အမည်ပေးရာတွင်ပင် တိုးတက်ရေး စာစောင် ကြီးပွားရေး
စာစောင် စသဖြင့် အမည်နာမခေါင်းစဉ်နဲ့ စာပေလိုက်ဖက်အောင်မှည့် ခေါ်ထားသည့် အတွက် တိုးတက်ကြိးပွားရေးကို အထူး တလည် အလေးထား
ကြောင်းသိနိုင်ပါလေသည်။
တိုးတက်ရေးစာပေများတွင် ဦးစိတ် ထုတ်ဝေသော စာစောင်သည် ဦးပဂျီငိုဟူသော
ကလောင်အမည်ဖြင်ဖြစ်လေသည်။ ကြိုးစားက ဘုရားဖြစ်ြနိုင်သည် ဟူသော ဆောင်ပုဒ်ဖြင့် စတင်ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထင်ရှားသော လူများရဲ့ ဓါတ်ပုံများကို မျက်နှာဖုံးများ အဖြစ် စတင်အသုံးပြုလာပါလေသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဆရာကြီး ပီမိုးနင်း ဆရာကြီး ဒဂုန်နတ်ရှင် ဆရာကြီး ဦးဖိုးကျား စသော ထင်ရှားသည့် စာရေး ဆရာများကို အမာခံထားသည့် အပြင် ဦးပဂျီငို ကိုယ်တိုင်ကလည်း ထင်ရှားသော စာရေးဆရာ တစ်ဦး ဖြစ်လေသည်။ အင်အားတောင့်တင်းသော စာစောင်ဖြစ်
သည်မှာ ထင်ရှားပါလေသည်။ လူငယ်များ တိုးတက်ရေးအတွက် စိတ်ဓါတ်တက်ကြွလာအောင် နှီုးဆော် ပေးသည့်စာများ ဖြစ်လေသည်။ ကြီးပွား
ရေးစာစောင်မှာ တိုးတက်ရေးစာစောင့်နှင့် ခေတ်ပြိုင် စာောစာင်ဖြစ်လေသည်။ ကြိးပွားရေး ဦးလှ လူထုဦးလှလို့လည်း ခေါ်ပါသည်။ သူသည်တာဝန်ခံထုတ်ဝေသည်ဟု သိရပါသည်။ မူလက လူငယ်များ ကြီးပွားရေး အသင်းရဲ့ အသံအဖြစ် ထုတ်ဝေသော စာစောင်ငယ်ကို ဦးလှက
တိုးချဲ့ထုတ်ဝေခြင်းဖြစ်လေသည်။ ရန်ကုန်တွင် ထုတ်ဝေရာမှ နောင်အခါတွင်
မန်းတလေးသို့ ပြောင်းရွေ့ထုတ်ဝေခဲ့ခြင်းဖြစ်လေသည်။
ကြီးပွားရေးအတွက် ထိုစဉ်ကတည်းက ရေးသားထားသော စာများသည် ယနေ့တိုင် သစ်လွင်နေဆဲဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ခေတ်အဆက်ဆက်
လက်ကိုင်ထားအသုံးပြုလာသော လက်ဆင့်ကမ်းလာသော စာစောင်များ များ
စွာ ရှိခဲ့လေသည်။ ဆရာကြီး ပီမိုးနင်း စာအုပ်များဆိုလျှင် ယနေ့လူငယ်များထိတိုင် ဖတ်မှတ်နေကြတုန်း လိုက်နာ အတုနေရတုန်း ပင်ဖြစ်လေသည်။ ထိုစာစောင်များဖတ်ရျုခြင်းဖြင့် လူ့ဘ၀တိုးတက်ခြင်း နေထိုင်ကြိုးစား မှုပုံစံများ ပြောင်းလဲလာခြင်းများလည်း တွေ့မြင်ရမည်ဖြစ်လေသည်။ ကောင်းမွန်သည့်တ က်ကျမ်းစာစောင်များ များစွာ ရှိလို့နေပြီ ဖြစ်ပါလေသည်။ လက်သစ် စာရေးဆရာများလည်း ဆက်လက် ရေးသား နေတုန်းပင်ဖြစ်လေသည်။ ခေတ်တွေ ပြောင်းလဲလာလည်း တိုးတက်ကြီးပွားခြင်းကို အလိုရှိကုန်သော လူတို့သည် ခေတ်အဆက်ဆက်ရှိနေမည်သာဖြစ်လေသည်။
a7lady@a7lady
photo-google image

ဘ၀တည်ဆောက်ရေး | Ecency