အလွန်ဆန်းကျယ်သော

a7lady(55)
Published in
#busy
Words
122
Reading
1 min
Listen
Play
8y

DQmap8LGhJ221712TPvz5Jt6LCL2vUr6XxmhgkAkhorTbRQ_640x480.jpg

တွေးမိတွေးရာ ရေးမိရေးရာ ရေးကြည့်နေပါသည်။မှန်တယ် မှားတယ် ကောင်းတယ် မကောင်းဘူး ဆိုတဲ့ ဝေဖန်မှုတွေကိုတော့
မလိုအပ်ပါဘူး။အချစ်သည် အချစ်သာ ဖြစ်သည့်အတွက် အမှားမရှိသလို အမှန်
သည်လည်း ရှိနေမည် မဟုတ်ပါ
ချစ်ခြင်းဆိုတာက အလွန်ဆန်းကျယ်သော အရာဖြစ်လို့နေတာတွေ့ရပါသည်။
အပြင်က ချစ်ခြင်းသည် အတွင်းစိတ်က ချစ်ခြင်းနဲ့တော့ ကွာခြားသည်။တကယ်
တမ်းတော့ အပြင်မှာ မြင်တွေ့နိုင်သည့် ချစ်ခြင်းတို့သည် အတွင်းစိတ်ရဲ့ အရိပ်
အယောင်အချို့သာ ဖြစ်သည်။ ချစ်ခြင်းကို တိကျစွာ မြင်တွေ့နိုင်ရန် မလွယ်ကူပါ
ချစ်ခြင်းကို ချစ်တက်သော စိတ်ကလေးနဲ့သာ ခံစား သိမြင်နိုင်ပါလေသည်။
အပြင်က ချစ်ခြင်းများသည် အတွင်းစိတ်က ချစ်ခြင်းလောက်တော့ အနှစ်သာရ
မရှိနိုင်ပါဘူး
အပြင်က ချစ်ခြင်းဆိုတာ အပေါ် ယံလောက်သာဖြစ်သည် အနှစ်သာရမရှိပါဘူး
အတွင်းက ချစ်ခြင်းတို့သည် စင်ကြယ်လေသည်။ သန့်ရှင်းလေသည်။ ထာဝစဉ်
တည်မြဲသွားနိုင်သော ချစ်ခြင်းသည် အတွင်းစိတ်ကလာသော ချစ်ခြင်းသာဖြစ်
တက်ပါသည်။
အပြင်ချစ်ခြင်းသည် ခရီးသွား ဟန်လွှဲသော မီးစင်ကြည့်ကတက်သော ချစ်ခြင်း
မျိုးဖြစ်ပါသည်။ အတွင်း ချစ်ခြင်းကတော့ စစ်မှန်သော တိကျသော အနှစ်သာရ
ကောင်းမွန်စွာ တည်ရှိသော စစ်မှန်သည့် ပီတိသောမနသကို ပေးစွမ်းနိုင်သည့်
ချစ်ခြင်း မျိုးဖြစ်ပါတယ်
အပြင်ကချစ်ခြင်းသည် လောကီချမ်းသာကို ပေးနိုင်သော ချစ်ခြင်းမျိုးဖြစ်ပါသည်။
အတွင်းကချစ်ခြင်းကတော့ မင်္ဂလာ တရားတော် အရ ချစ်သော ချစ်ခြင်းသာဖြစ်
ပါတယ်
အပြင်ကချစ်ခြင်းသည် အရောင်ပြသော ချစ်ခြင်းသာဖြစ်ပါသည်။ စစ်မှန်သည်ဟု
လက်ခံရန် အလွန်ခက် ခဲလို့ နေပါ လေသည်။ အတွင်းချစ်ခြင်းကတော့ တကယ့်
အလင်းရောင်းကို ပေးစွမ်းနိုင်သော ချစ်ခြင်းဖြစ်ပါတယ် အပြင်က အချစ်သည် လူတစ်ဦး တစ်ယောက်က နောက်လူတစ်ဦး တစ်ယောက်ကို လှည့်စားမည့်
ချစ်ခြင်း ဖြစ်ပြီး အတွင်း စိတ်ထဲမှာ ချစ်ခြင်းသည်ေ၀၀ါး နေတက်ပါတယ်
a7lady@a7lady
photo-google image

အလွန်ဆန်းကျယ်သော | Ecency