အလွန်ခဲယဉ်းပါသည

a7lady(55)
Published in
#busy
Words
196
Reading
1 min
Listen
Play
8y

bobo (15).jpg

တစ်ချို့သောအောင်မြင်သည့် စီးပွားရေးပညာရှင် အများစုက ပြောတက်တာတစ်ခုရှိသည် သူတို့ပြောသည်ကား လူတိုင်းသည်
အရောင်းသမား ဖြစ်ကြပါလေသည်။ ငါကတော့ ကျောင်းဆရာ ဖြစ်တယ် အရောင်းအ၀ယ်မလုပ်ဘူး ဘယ်လို
အရောင်းသမား ဖြစ်နိုင်မှာလဲ ဒီလိုပါဘဲ ဆရာဝန်တွေ အင်ဂျင်နီယာတွေ ရှေ့နေတွေ စသည့် အတက်ပညာရှင်
တို့သည် အရောင်းသမားလို့ သူတို့ကို အခေါ်ခံရမှာလို မလိုလားကြပါဘူး သူတို့သည် အရောင်းသမားမဟုတ်ဟု
ဆိုချင်ကြသည်။ သူတို့သည် အရောင်းသမားစာရင်းတွင်ပါဝင်ပါလေသည်။ သတို့နျင့် တကွ အခြားအခြားသော
လူတို့သည်လည်း မနှစ်သက်တက်ပါဘူး။ သူတို့ မနှစ်သက်သော်လည်း သောချာ စီစစ်ကြည့်မည်ဆိုလျှင်
သူတို့ဟာလည်း အရောင်းသမားများဖြစ်တာကို တွေ့မြင်နိုင်ပါသည်။
နောက်ဆုံး ကုန်ကုန်ပြောရလျှင် လမ်းဘေးတွင် တောင်းစားနေသော သူတောင်းစားသည်ပင်လျှင်အရောင်း
သမားဖြစ်လေသည်။ အစ်ကိုကြီးတို့ အစ်မကြိးတို့ရေ ထမင်းဖိုးလေး နဲနဲလောက်သနားကြပါဟု တတွတ်တွတ်
ဆိုရင်း တောင်းတက်ကြလေသည်။ သူတို့ရဲ့ ဆင်းရဲခြင်းကို စေတနာရှင်တို့အား ရောင်းစားနေခြင်းဖြစ်သည်ကို
တွေ့မြင်ရမည်ဖြစ်လေသည်။ စီးပွားရေး ဆရာတို့က လူတိုင်းအရောင်းသမားဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်လေသည်။
ပညာရှင်တို့ က သူတို့ပညာကို ရောင်းစားကြပါသည်။ ညာဏ၀န်ထမ်းတို့ကလည်း သူတို့ရဲ့ အင်အား လုပ်အားကို
ရောင်းစားကြသည်ပင်ဖြစ်လေသည်။ ကာယ ၀န်ထမ်းများသည်လည်း သူတို့ရဲ့ အင်အားကို ရောင်းစားကြလေသည်
လက်ကြောတင်းအောင် မလုပ်ချင်ဘဲ သူတစ်ပါးအပေါ် လိမ်ညာစားသောက်သူတို့သည်လည်း သူတို့ရဲ့ လိမ်ညာ
ခြင်းအတက်ပညာကို ယုံလွယ်သူတို့ထံတွင် အစွံထုတ်ရောင်းစားနေရသည်။ သူခိုးဂျပိုးများ ဓားပြများသည်လည်း
သူတို့ရဲ့ ပညာစွမ်းဖြင့် မ၇ရအောင် ယူငင်ခြင်းသည် ရောင်းစားခြင်းပင်ဖြစ်သည်။ အေ၇ာင်းသမားနဲ့ လွတ်ကင်း
သောသူသည် မရှိနိုင်ပါဘူး
သတို့သော်လည်း အရောင်းတက်ဖို့ အလွန်အရေးကြီးပါလေသည်။ အရောင်းတက်သူသည် များများရောင်းရသည့်
အတွက်ငွေများများရမည်ဖြစ်လေသည်။ ဒါကြောင့် လူတို့သည် ငယ်စဉ်ကတည်းက ကျောင်းတွင် ပညာသင်ကြား
ရသည် အတက်ပညာများကိုလေ့လာကြရသည်။ သင်ကြရသည်။ ကိုယ့်ရဲ့ ဘယ်အရာကိုဖြစ်ဖြစ် ရောင်းရအောင်
အရောင်းသွက်အောင် လူတွေသဘောကျအောင် စွမ်းဆောင်ကြရပါလေသည်။ ထိုသို့စွမ်းဆောင်မှသာ လူအများ
နဲ့ လိုက်လျှောညီထွေရှိမည်ဖြစ်လေသည်။ လူအမျိုးမျိုးနှင့် ဆက်ဆံရသည့် အရာသည် လွယ်သည်တော့ မဟုတ်ပါ
သဘောတရားများ လူတွေရဲ့အတွင်းသဘောကို နောကြေအောင်သိမှဖြစ်ပေမည်။ သည်းခံမှုသည် မရှိမဖြစ်
လိုအပ်ချက်ဖြစ်သည်။ လူတွေနဲ့ ဆက်ဆံလျှင် သည်းခံတက်ရမည်။ လူအားလုံးအပေါ်တွင် စေတနာ တပြေးညီ
ထားနိုင်ဖို့လည်း လိုပါသေးသည်။ သည်းခံတယ်ဆိုတာကလည်း သူတစ်ပါး ပြုသမျှကို အညံ့ခံပြီးခေါင်းငုံ့ နေရန်မဟုတ်
ပါဘူး စေတနာမှန်ကန်စွာ ထားတက်ဖို့လိုရင်းဖြစ်လေသည်။ သူတစ်ပါးရဲ့ လိုအင်တွေကို တက်နိုင်သမျှဖြည့်ရန်
လိုအပ်ပါလေသည်။ ဒီလိုလုပ်ဆောင်နိုင်ရန်လည်း အသင့်အနေအထားရှိနေရမည်။ စီးပွားရေးသမားအစစ်သည်
အကွက်ဆိုက်လျှင် အမြတ်ထုတ်သူမဟုတ် သူတစ်ပါးရဲ့ အကျိုးကို ဆောင်ကာ မိမိအကျိုး အောင်စေရန် အား
ထုတ်ရမည်ဖြစ်လေသည်။
ထိုသို့သော အရည်အချင်းများနဲ့ ပြည့်စုံသော စီးပွားရေးသမားကို စီးပွားရေးလောကတွင် ရှာကြည့်စမ်းပါ တွေ့ဖို့
အလွန်ခဲယဉ်းပါသည်။ ထိုသို့သော စီးပွားရေးသမားသည် အလွန်ရှားပါးလေသည်။ ယခုစီးပွားရေးလောကသည်။
ဝိသမလောဘသားများ အလွန်များပါသည်။ စီးပွားရေးလုပ်ရာတွင် စီးပွားဆန်သင့်သလောက်တော့ ဆန်ရမည်
သို့သော် သူ့ဘက်ကိုယ့်ဘက် မျှတစွာ တွေးတက်လုပ်တက်ဖို့လည်း လိုအပ်ပါသည်။ သို့မှသာ စစ်မှန်သော
အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်ပါလေသည်။
a7lady@a7lady
photo-google image

အလွန်ခဲယဉ်းပါသည | Ecency