အနှေးနဲ့အမြန်အတွေးများ

a7lady(55)
Published in
#busy
Words
32
Reading
1 min
Listen
Play
8y

dfdf.jpg
အတွေးများစွာနဲ့ ဘ၀တစ်ခုဟာ
တဖြည်းဖြည်းချင်း လုံးပါးပါးလာခဲ့တယ်
တကယ်တော့လည်း အတွေးနဲ့လူက
မီးနဲ့ မီးဖိုလိုဘဲ
အရှိကောင်းလေ ပြာဖြစ်ဖို့မြန်လေဘဲ
တစ်ချိန်မှာတော့ အင်အားကြီးတဲ့
မီးတွေဟာ အေးစက်စက်ပြာပုံဘဝ
ရောက်ကြရပါတယ်
ဒီလိုမဖြစ်အောင် ဘ်ာလုပ်လို့ရမလဲ
မတွေးနိုင်တာမဟုတ်ပါဘူး
မတွေးချင်တော့တာပါ
အတွေးတွေက ဘ၀ကိုပုံဖေါ်တယ်
တစ်ဖက်မှာလည်း အတွေးများက
ဘ၀ကို ၀ါးမျိုလို့နေတယ်
ဘယ်အာနာရှင်မှ မတားဆီးနိုင်တဲ့အဖြစ်တွေပါ
ဘယ်သူမှ မတားနိုင်ခဲ့ဘူး
တစ်နေ့တော့ ရောက်ရမယ့်နေရာ
အနှေးနဲ့အမြန်သွားကြတာပေါ့လေ

အနှေးနဲ့အမြန်အတွေးများ | Ecency