အရင္ကမန်မာ ရွှေတိုက်ဝန် ဆွဲပြတဲ့ ငမောက် ပုံကြမ်း
သီပေါမင်းဟာ ၁၉၁၁ အထိ သူ့ပစ္စည်းတွေ ဆက်တောင်းနေတုန်း ဖြစ်ပါတယ်။ နောက်ဆုံး တခါမှာတော့ အဲဒီအချိန်က နန်းတက်စ ပဉ္စမမြောက် ဂျော့ဘုရင်ဆီ တိုက်ရိုက်ရေးတာပါ။ အဲဒီစာမှာလည်း သူ့ဆီက အဖိုးတန် ငမောက် ပတ္တမြား လက်စွပ်ကို ဘယ်လို ယူသွားတယ် ဆိုတာ ထပ်ရေးရင်း စလေဒင့် လက်ချက်လို့ ထပ်ပြောပါတယ်ေနာ္
အဲဒီအချိန်ထိ ဗြိတိသျှ ဘက်က မြန်မာ ဘုရင်ဟောင်း ပြောသမျှ လျစ်လျူရှု ထားပါတယ်။ အဲဒီအချိန်မှာ ကာနယ် စလေဒင် သေတာလည်း ၂၁ နှစ် ရှိပါပြီ။ သီပေါမင်း ကိုယ်တိုင်လည်း ၁၉၁၆ မှာ နတ်ရွာစံခဲ့ပါတယသည္