အဆိုပါ ပန်းရောင်ကွန်ရက်အကြောင်းကို မှတ်တမ်းရုပ်ရှင်သမားတစ်ဦးက ရိုက်ကူးတင်ဆက်ခဲ့ရာ လူကြိုက် များခဲ့လေတော့သည် ပန်းရောင် တော်လှန်ရေး ဆိုသည့် စာအုပ်တစ်အုပ်လည်း ထွက်ရှိခဲ့ပါလေသည် ပြင်သစ် အဆိုတော်တစ်ဦးကလည်း သူတို့အဖွဲ့ကို တေးသီချင်းတစ်ပုဒ် သီဆိုကာ ဂုဏ်ပြုပေးခသေဲး့သည်အခြားသူတို့သည်အိမ်တွင်းရေးပါရပ်ရွာရဲ့ အလေ့အထပါကာယကံရှင်တွေ ကျေနပ်တာပဲဆိုပြီး မတရားမှုများကို လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် အတော်များများက နှုတ်ဆိတ်ကြလေ့ရှိပါသည် ပန်းရောင် အလင်းတန်း တစ်ခုကတော့ အူတာပရာဒက်ရှ် ပြည်နယ်ထဲတွင် ခွန်နှင့် အားနှင့် ထိုးထွက်နေပါသည် မတရားမှုများကို နှုတ် ဆိတ် ခေါင်းငုံ့ခဲ့ရသည်ကို တော်လောက်ပြီဟု သူတို့ကဆိလေုသည်အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရသည်မှာ ရေကိုဆန်ရသော ခရီးကြမ်းဖြစ်လေတော့သည်ပန်းရောင် လူအုပ်ကြီးကတော့ လက်မလျှော့သေးပါ လူသားတိုင်း ကျားမ မရွေး တရားမျှတစွာ ရှင်သန်ဖွံ့ဖြိုးပြီး အကာအကွယ် ရရှိရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ရှေ့ဆက်နေဦးမည်ဖြစ်ပါတော့သည်