ဒီတစ်ခါလဲတကယ်တော့ ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်နော်
ပြီးမှ စိတ်မကောင်းဟန်နဲ့ တကယ်ဆောရီး ငါမှားသွားတယ်ကွာလို့ တောင်းပန်တတ်ပါတယ်
ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့
ကောင်လေးကို ဆုံးမတတ်ပါသည် ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြပါလေသည် အဲဒီလိုဆောရီးက ပျော်ရွှင်တဲ့ဆောရီးဖြစ်လို့နေပြန်ပါသည်
ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြပါသည်
ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့တော့ပါဘူးလေကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး
ကောင်လေးကို အပြစ်တင်လာပါသည်နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြလေတော့သည်
ကောင်မလေးငိုတော့ ကောင်လေးကဒါ ငါ့အလုပ်အတွက်ပါဟလို့ ဖြေရှင်းပါသည်ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားပါဘေသည်
နောက်တော့လည်း ကောင်မလေးက မနေနိုင်ဖြစ်လာပါသည်
ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချလိုက်ပါတော့သည်အချစ်ကခွင့်လွှတ်ခြင်းပါလေ