အိမ်မှာအလှမွေးငါးကန်ထဲကငါးလေးတွေရှိတယ် အလှပန်းအိုးထဲက ပန်းလေးတွေလဲရှိတယ်
တကယ်တော့ ချစ်လို့မွေးထားတဲ့ တိရိစ္ဆာန်လေးတွေသာဖြစ်တယ်
စိတ်ထဲမှာအကြောင်းအရာတစ်ခုကိုအမြဲတွေးမိတယ်သူတို့ပျော်နေရဲ့လား
လူတွေချစ်တယ်ဆိုတာချုပ်ချယ်ချင်တာလိုဖြစ်နေတယ်နော်
တကယ်ချစ်ခြင်းမေတ္တာဆိုတာလွတ်လပ်ခွင့်ပေးရမယ် အေးချမ်းတယ် လေ
တကယ်တော့ ဧည့်ခန်းထဲကပန်းအိုးမှာအလှထိုးထားတဲ့ ပန်းလေးကိုကြည့်နေမိတာပါ
အလေ့ကျပေါက်နေတဲ့ ပန်းပင်လေးကိုနေ့တိုင်သွားကြည့်နေ
မှာမဟုတ်ဘူးလေသူတို့ကိုတော့ ပိုင်ဆိုင်လိုစိတ်မရှိဘူး
လူတွေအတ္တတွေကင်းတယ်ထင်နေသလား
တစ်ဦးကသူနဲ့သဟဇာတဖြစ်တဲ့ပတ်ဝန်းကျင်ကနေဆွဲထုတ်မသွားဘူးလို့ထင်နေလား
တကယ်တော့ သူ့ဘာသာသဘာဝအတိုင်း လန်းဆန်းလေးဘဲကောင်းတယ်မလား သူတို့လေးတွေရှင်သန်နေတာလေးကိုပဲကြည့်နေရတာကြည်နူးရင်တော်ပြီပေါ့
ဘာလို့နေ့တိုင်းကြည့်ရဖို့အတွက် ပန်းကိုခူးယူသွားခြင်းမလုပ်ပါနဲ့လား
တကယ်တော့ကိုယ့်ရဲ့လိုအင်တစ်ခုအတွက်နဲ့ ကိုယ်ချစ်တဲ့သူအပေါ်ဒုက္ခပေးနေတာဘဲလေ
ချစ်လို့သာကိုယ်ပဲအပင်ပန်းခံတယ် မလား
ဒါပေမယ့်လည်း ပင်ပန်းသမျှက ပန်းလေးရဲ့ သဘာဝအလှကိုတွေ့လိုက်ရတာလေ
ပင်ပန်းတယ်လို့တောင်မဆိုနိုင်တော့ဘူးမလား
စိတ်ချမ်းသာဖို့တော်တော်ကောင်းပါတယ်နော်
စိတ်ထားတက်ရင်အဆင်ပြေပါတယ်လေ
@a-8