ဟိုအရင်တစ်ခါက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးတစ်ယောက်ရှိလေသည် အဲ့အမတ်ကြီးကို ဘုရင်ကြီးက သူဆုံးရှုံးတဲ့အရာတွေတိုင်ပင်လိုက်တိုင်းမှာပိုကောင်းဖို့ဖြစ်လာတာပါဘုရားလို့ဆိုပြီးလျှောက်တင်လေ့ရှိသည်သူဘက်က ရပ်တည်လေမလားဆိုပြီး ပြောမိတဲ့ဘုရင်ကြီးက ဒီစကားကို ဘယ်ကျေနပ်ပါ့မလဲနော်
ဒီလိုနဲ့တစ်နေ့တော့ တောကစားထွက်ချိန် အဖွဲ့ကွဲပြီး ဘုရင်ကြီးနဲ့ အမတ်ကြီး နှစ်ယောက်တည်းဖြစ်သွားလေသည် အဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ဘုရင်ကြီးရဲ့ လက်သန်းလေးပြတ်သွားပါသည် အမတ်ကြီးကတော့ ထုံးစံအတိုင်းဘဲပိုကောင်းဖို့ဖြစ်လာတာပါဘုရားရေလို့လျှောက်တင်သည်
အင်းလေအရင်ကတည်းက အမတ်ကြီးရဲ့စကားကို မကျေနပ်တဲ့ ဘုရင်ကြီးက ဒဏ်ရာကလည်းနာ ဒေါသလည်းဖြစ်နေတာမို့အမတ်ကြီးကို ချောက်ထဲကို ကန်ချလိုက်ပါသည်
ဒေီလိုနဲ့နာက်တော့လေဘုရင်ကြီးတစ်ပါးတည်းတောထဲဆက်သွားရင်း လူရိုင်းတွေရဲ့ဖမ်းဆီးခြင်းခံရသည် လူစိမ်းဆို သတ်ဖြတ်ပြီး ယဇ်ပူဇော်လေ့ရှိတဲ့ လူရိုင်းတွေလည်း ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ ပြင်ဆင်ပါသည်
ဒီလိုသနားစရာ ဘုရင်ကြီးလည်း အသတ်ခံရမှာမို့ အရမ်းကြောက်နေတာပေါ့ နော်အဲ့အချိန်မှာ လူရိုင်းတစ်ယောက်က ဘုရင်ကြီးပာာ လက်သန်းပြတ်နေတဲ့အတွက် ယဇ်ပူဇော်ဖို့ မဖြစ်နိုင်ကြောင်းပြောလေသည် ဘုရင်ကြီးကိုလည်းလွှတ်ပေးလိုက်ပါသည်
@a-8
photo-google image