ပေါများလိုက်တာ

a-8(43)
Published in
#writing
Words
114
Reading
1 min
Listen
Play
9y

DSC01919.JPG
အလှသဘောပေါ့အိမ်ရှေ့မှာ ကြခတ်ဝါးပင်လေးပင်စိုက်ထားပါ၏ ယခု နှစ်ပတ်လည်မှာ ဝါးရုံက လေးစဖြစ်လာတယ်
အခက်ကလေးတွေပေါ်မှာ အရွက်ပါးပါး ချွန်ချွန်ကလေးတွေနဲ့၊ လေထဲမှာ အမြဲလှုပ်ခတ်နေကြပါသည်
သဘာဝပန်းချီဆရာကြီးရဲ့ လက်ရာဖြစ်လေ၏ ကြခတ်ဝါးဟာ လူအ တွက် အသုံးဝင်မှုတန်ဖိုးအနိမ့်ဆုံးဖြစ်ပါလိမ့်မည်
သို့သော် သူ့မှာ အလှတရားတန်ဖိုး ရှိပါ သေးတော့သည်ဝါးပင်တွေဟာ ကျွန်တော်တို့နိုင်ငံအနှံ့အပြားမှာ
ပေါက်ရောက်ကြပါ၏ အမျိုးအစားလည်း များ ပြားပါ၏
ပညာရှင်များ သုတေသနပြုစုစည်းဖော်ပြချက်အရ တော့ခုနှစ်ဆယ့်ငါး မျိုးတောင်တွေ့ရပါလေ၏ ကျွန်တော့်
မွေးရပ်ဌာနေဖြစ်သောရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ကျွန်တော်ငယ်ငယ်က ရင်းနှီးကျွမ်းဝင်ခဲ့ တာက ဝါးလေး
ငါးမျိုးလောက်သာ တွေ့ဖူးပါလေ၏ အဲဒီဝါးမျိုးတွေကတော့ ခရင်ဝါးရယ် ဝါးဘိုးဝါးရယ် ဝါးနက်ဝါးရယ် ကြသောင်းဝါး၇ယ်
ကျိန်ပိုက်ဝါး ခေါ် တင်းဝါး ဒီလောက်သာတွေ့ခဲ့ဖူး၏ အဲဒီထဲမှာ ခရင်ဝါးလို့ ခေါ်တဲ့ဝါးဟာ အပေါများဆုံးဖြစ်လေ၏
ဝါးဘိုးဝါးတို့ ဝါးနက်တို့လို ဟိုမှာတစ်စု ဒီမှာတစ်စု စသည် ဖြင့် အရုံလိုက် ပေါက်တာမဟုတ်ဘဲ အတောလိုက်ပေါက်ပါလေတယ်
တစ်တောင်လုံးဒါမှမဟုတ် တစ်တောလုံးဟာ ခရင်ဝါးတွေ ချည်းဖြစ်နေတတ်ပါလေ၏ တစ်ထောင့်ကိုးရာခုနှစ်ဆယ်လောက်
မတိုင်မီက ကျွန်တော် ရခိုင် ရိုးမကို ကားနဲ့ဖြတ်သွားဖြတ်လာတဲ့အခါ ခရင်ဝါးတောကြီးဟာ နာရီပေါင်းများစွာ
ဖြတ်သွားလို့ မပြီးဆုံးနိုင်အောင်ဖြစ်ရပါလေ၏၇မ်းဗြဲကျွန်းပေါ်က တောင်တွေပေါ်မှာလည်း ရခိုင်ရိုးမလောက်မများပေမဲ့
ခရင်ဝါးတွေရှိခဲ့ပါလေ၏ရှိခဲ့ပါတယ်ဆိုတော့ ခုကောရှိသေးရဲ့လားကိုယ့် ကိုယ်ကိုယ်ပြန်မေးမိပါလေ၏ရှိတော့ရှိတယ်
နည်းတယ်လို့သာဆိုချင်မိလေသည်နည်းတယ်ဆိုတော့ ဘယ်လောက်နည်းတယ် ထင်သလလို့မေးချင်မိသည်
တော်တော့်ကို နည်းသွားတယ်ထင်ပါလေသည်နှစ်ထောင့်တစ်ဆယ် ခုနစ် နွေရာသီမှာပြန်တော့ ရခိုင်ရိုးမတောထဲမှာ
အရင်ကလို ခရင်ဝါးတောကြီးတွေကို သတိတောင်မထားမိတော့အောင်ဖြစ်သွားပါပြီ
ဆယ်ပုံတစ်ပုံလောက်တောင် ရှိပါဦးမလားလို့တောင်ထင်လာပါတော့သည် အဲဒီတုန်းကအပြန်မှာ တစ်နာရီ မိုင်လေးဆယ်ငါးဆယ်
နှုန်းလောက်နဲ့ ပြေးနေတဲ့ အဝေးပြေးကားပေါ်က မြင်ခဲ့ရတာကတော့ ခရင်းဝါးတောကြီး မဟုတ်တော့ပါလေ
တောမီးလောင်နေတာဖြစ်လေ၏ဟောဗျာ အဲဒီလောက် အမြန်နှုန်းနဲ့ ပြေးနေတဲ့ကားပေါ်ကတောမီးကို မြင် နေရတာဟာ
တစ်နာရီမက ကြာပါသည်။ဘယ်လောက်ဆုံးရှုံးလိုက်မည်နည်း ပြောမပြတက်အောင်ဖြစ်ပါသည်။
a-8@a-8
photo- google.

ပေါများလိုက်တာ | Ecency