မသိခြင်းတွေနဲ့အချစ်လား

a-6(44)
Published in
#poem
Words
54
Reading
1 min
Listen
Play
9y

DQmUmrFjLujHY2jnhyi6GRm38YHtwhhDVPFBgwRXCRCvXEa_640x480.jpg
မင်းအချစ်ကဘယ်လိုများလဲ
တစ်ခါတုန်းကတော့ နားလည်တယ်
အခုတော့နားလည်ရခက်နေပြန်တယ်
ငါ့မျက်ဝန်းက ခုန်ထွက်လာတဲ့သူတို့
နင့်အတွက် ပေးဆပ်နေတုန်းဘဲ
တစ်ခါတစ်လေတော့ အလိုလိုပျောက်ကွယ်
ငါ့အချစ်တွေလား မင်းအချစ်တွေလား
သတိရခြင်းမရှိတဲ့အခါ
ဝေးကွာခြင်းတွေလဲပျောက်ဆုံးသွား
နီးနေတုန်းမှာ သတိမရတာ
ဝေးမှလွမ်းတယ်လို့ဆိုလဲ
အချစ်ဆိုတာ အစွမ်းကုန်ဖူး
ပွင့်တဲ့ပန်းတစ်ပွင်လား
ဖူးငုံနေတဲ့နှင်းဆီလေးလား
မတွေးတက်ပါဘူး
ရင်ခုန်သံတွေကို ဘာလို့နားမလည်တာလဲ
မင်းပေးတဲ့အဖြူေ၇ာင်လေးတွေ
လမ်းအတူလျှောက်ဖူးတဲ့ လမ်းကျဉ်းလေးထက်
ငါ့အတွက်အမှတ်တရပေါ့
နောက်ဆုံးတစ်ကြိမ်တုန်းက
နင်ခိုးနမ်းသွားတဲ့အဖြစ်
ငါ့ရင်တွေခုထိခုန်နေတုန်းဘဲ
အချစ်ဆိုတာ အဲ့ဒီလိုဘဲ
အတင်းရယူတက်ကြတာလား
ငါတော့ကျေနပ်တယ်
ရဲတင်းတဲ့မင်းရဲ့အပြုအမူ
ငါစွဲလမ်းဖူးတယ်
နောက်တစ်ယောက်အပေါ်
ခုလိုပြုမူနေတုန်းလား
ငါတွေးမိတော့
ရင်တွေပူလိုက်တာ
အော် ငါမပိုင်တဲ့အချစ်အတွက်
ဘာ အတွက်များပူပန်နေမလဲ
သွားလေဦးတော့ အချစ်ဦးရေ
Author : a-6@a-6
Photos credit; Google Image

မသိခြင်းတွေနဲ့အချစ်လား | Ecency