နောက်ရက်တွေမှာကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီ
အလှတွေသူစပြင်ခဲ့ပါသည်ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မည်လေတကယ်က်ုတွန့်ဆုတ်နေလို့မဖြစ်မှန်း သူသိလိုက်ပါတော့သည်နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်ပါတော့သည်အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာလို့နေတာပါလေ
ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူးလေ
ဆောရီးပဲနင့်ကိုပဲ ငါချစ်ပါတယ်ကွာ နင့်ကိုပဲ ငါတကယ်ချစ်တာပါတဲ့လေ
ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူးလေ ဆောရီးပါဟာ ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့တာပါဟာ
လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့လေသည်
ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွှတ်ခြင်းတွေယူပြီး
ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့ပါသည်ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင်မဟုတ်ပါဘူးဒါဆိုသူဘာဖြစ်နေတာလဲစိတ်ဆိုးနေတုန်းလားဘာဖြစ်လို့လဲ