တောတောင်သဘာဝအလှ

a-11(44)
Published in
#writing
Words
54
Reading
1 min
Listen
Play
9y

image

လူ့ရဲ့ တစ်သက်မှာ
လူ့တစ်သက်မှာပေါ့
ပြောမထွက်နိုင်တဲ့ လျှို့ ၀ှက်ချက်တွေရှိမယ်လေ
ပြန်ကောက်ယူလို့မရတဲ့ အတိတ်တွေရှိမယ်လေ
တို့ထိခွင့်တောင် မရှိတဲ့ အိပ်မက်တွေရှိမယ်လေ
မေ့လို့မရတဲ့ အချစ်ရှိမယ်၊လေ
ထမင်းကြမ်း၊ဟင်းကြမ်းစားမှ သံယောဇဉ်အစစ်ကိုတွေ့ တာရှိမယ်လေ
ဘ၀ဟာ တစ်ကယ်တော့ လွယ်လွယ်လေးရယ်
မိမိကိုယ့်ကိုယ်ကို ပြုံးပြပ့
ဘေနားကသူကို ကြင်နာပါ
အတိတ်တွေကို အရောင်တင်ပါ
ရိုးစင်းလွယ်ကူတာကို ကိုယ့်အတွက်ချန်ပါ
လူ့ဘ၀ဟာ အကြမ်းရည် တစ်ခွက်လိုပါလေ
များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ လေ
ပျစ်လည်းကောင်းတယ်၊ ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့ သူပလေ
ခါးလည်းကောင်းတယ်၊ ပေါ့လည်းကောင်းတယ်၊ သူ့အကြိုက်နဲ့ သူပဲလေ
လောသောက်လည်းရတယ်၊ ဖြည်းဖြည်းသောက်လည်းရတယ်၊ သူ့ ဖီလင်နဲ့သူလေ
ပူတုန်းသောက်လည်းကောင်းတယ်၊ အအေးခံသောက်လည်းကောင်းတယ်၊ အဲတော့ဘာဖြစ်လဲ လေ
လူ့ဘ၀ဆိုတာ.. ကိုယ်ကတော့
သွားဂရုစိုက်လို့ နာကျင်ရတာပေါ့

တောတောင်သဘာဝအလှ | Ecency