အထောက်အထားအနေနဲ့ပုဂံခေတ်ကျောက်စာတွင် မုန်ရွာဟုတွေ့ရပါတယ်သာလွန်မင်းစစ်တမ်းတွင် မုန်ရွာဟု ဖော်ပြထားပါတယ် ကုန်းဘောင်ခေတ်တွင် အလုံမြို့ စီရင်စုအတွင်းရှိ မုံရွာကျေးရွာဖြစ်ပါတယ်ရှေးမြန်မာမင်းလက်ထက်ကမူ ရွာကြီးမျှသာဖြစ်၍ အလုံမြို့သာလျှင် ထင်ရှားခဲ့ပါတယ် ဗြိတိသျှတို့လက်ထက် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့အဖြစ် ရွေးချယ်ခဲ့သည်။ထိုကြောင့် မုံရွာသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်သည့် ၁၈၈၈ခုနှစ်မှပင် မုံရွာသည် မြို့အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်
သို့ဖြစ်လို့ယခုအခါ မုံရွာမြို့၏ မြို့သက်တမ်းမှ နှစ်ပေါင်း၁၀၀ကျော်ခဲ့ပြီဖြစ်သည်၁၈၈၂ခုနှစ်တွင် အင်္ဂလိပ်ပိုင် မီးသင်္ဘော ပခုက္ကူ-မုံရွာကင်းတပ် ရေလမ်း ဖွင့်သည်၁၈၈၅ခုနှစ် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းသောအခါ မုံရွာမြို့နယ်မှလည်း ပြင်းထန်စွာ ခုခံ တွန်းလှန်ခဲ့ကြပါတယ်