မွန်ဒေသ ဆားချက်အိုးများ

1456597_180785935457195_1360145615_n.jpg

ရှေးမွန်မင်းများလက်ထက် မွန်မြို့အတော်များများဟာ ပင်လယ်ကမ်းရိုး

တန်း ဒေသတွေ များပြားတဲ့အတွက် မွန်လူမျိုးများရဲ့ဆားချက်လုပ်ငန်းဟာ

အဓိက လုပ်ငန်းထဲမှာပါခဲ့တယ်။ အခု ပုံမှာ ပြထားတဲ့အိုးတွေ ဟာ ဆားချက်

အိုး လို့ခေါ်တဲ့အိုးတစ်မျိုးဖြစ်တယ်။ သုတေသန စာတန်းတစ်စောင်မှာတော့

မုတ္တမအိုး( MAR TA BAN JAR) ဆိုပြီးရေးထားတာလဲတွေ့ရတယ်။

အခု လိုအိုးမျိုးကို မွန်ဒေသ အတွေ့များလို့ရှေး မွန်တို့သင်္ကေတ တစ်ခုလို့

တင်စားရေးသားကြတယ်။ ဆားချက်အိုး များဟာ ထူထူထဲထဲ ရှိပြီး မီးဒဏ်

ခံနိုင်အောင် ကျောက်တစ်မျိုးရောစပ်ခဲ့မယ်လို့ခန့်မှန်းရတယ်။ အိုးသား

အထူဟာ တစ်လက်မနီးပါးလောက်ရှိပြီး နှစ်ပေလောက် မြင့်ပါတယ်။ အိုး

သားမျက်နှာပြင်မှာ ချိုင့်ခွက်တွေလုပ်ထားပြီးထူထဲလွန်းတာကြောင့်

ဆားအိုးများဟာ အလွန်လေးတယ်။ အိုးရဲ့ နှုတ်ခမ်းသားများလုံးဝန်းပြီး

အိုးအောက်ခြေလဲ လုံးဝန်းတဲ့အတွက် မြေပေါ်တွင်းတူး အပူပေးဆားချက်

ခဲ့မယ်လို့ယူဆရပါတယ်။

ဆားအိုးတွေကို ပင်လယ်ကမ်းစပ်ရွာကမ်းပါးပြိုတဲ့အခါ ပေါပေါသီသီ

တွေ့ရတယ်။ အလယ်က ဆားအိုးများကို သာ အရင် ကတွေ့ဘူးတယ်။

မနှစ်က သံလွင်မြစ်ရေ ကြီးတာကြောင့်ကမ်းပါးပြိုရင်း ထွက်လာတဲ့ဆား

အိုးအသေးနှစ်လုံးကို ပါ ဗဟုသုတရစေဘို့ပြထားပါတယ်။

ရှေးခေတ် မွန်ဒေသ အခွန်တော် မှတ်တမ်းတွေ မှာ ဆားချက်တဲ့လုပ်ငန်း

ထွန်းကားခဲ့တာကြောင့် မုတ္တမ နယ်မြေ ရှစ်ရပ်အတွက် ဆားချက်အိုးတစ်လုံး

ကို အခွန်ငွေ တစ်မတ်စီ ပဲခူးတိုက်နယ်ကို ပေးဆောင်ရတယ်လို့

ပဲခူးအခွန်တော်စာရေး ရေးမှတ်တဲ့အခွန်စာရင်းမှာ ဖေါ်ပြထားတယ်။

ရှေးမွန်ဒေသ အမှတ်သား လို့ဆိုနိုင်တဲ့ ဆားချက်အိုးများပါဘဲ.....။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center