တလထော်ဆိုတဲ့အမျိုးသမီး

image

ထူးခြားအကြောင်းကတော့ အဲဒီအချိန်မှာ တလထော်က မြတ်စွာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း သတ်မိန့်ပေးတဲ့ဘုရင်ကိုသတ်ဖို့ အားထုတ်တဲ့ မင်းမှုထမ်း၊ ဆင်ထိန်းနဲ့ ဆင်စတဲ့ သတ္တ၀ါအားလုံး မေတ္တာပို့သနေတဲ့အတွက် သူ့နှလုံးသားထဲမှာ ဘုရားရှင် ကိန်းဝပ်တည်နေတော်မူလို့ ဖြစ်ပါသည်
အဲတလထော်ကို ဆင်နဲ့တိုက်ပြီး အသတ်ခိုင်းရာမှာ ဆင်တွေတစ်ကောင်မှ မတိုးရဲတဲ့အကြောင်း ဖတ်ရတဲ့အခါမှာ သက်တော် ထင်ရှား ဘုရားရှင်ကို နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်စဉ်က ဆင်ကြီးကို ချွန်းနဲ့ အတတန်တန်ထိုးပြီး အမိန့်ပေးပေမယ့် ချွန်းဒဏ်ကိုသာ အောင့်ခံပြီး မြတ်စွာဘုရားကို ထိုးသတ်ခြင်းမပြုတဲ့ နာဠာဂီရိဆင်ကြီးကို မြင်ယောင် မိပါသေးသည်
တစ်ဆက်တည်းမှာပဲ အခုအချိန်မှာ တစ်ချို့အမျိုးသမီးများ စည်းစိမ်ဥစ္စာနဲ့ ကာမ ဂုဏ်ကို အကြောင်းပြုပြီး အမျိုးဘာသာ၊ သာသနာကို စွန့်လွှတ်ကာ ဇာတ်ပျက် နေကြတဲ့အကြောင်းတွေ ကြားသိရတဲ့အခါ စည်းစိမ်အာရုံ ကာမဂုဏ်အတွက် မဆိုထားနဲ့ အသက်အတွက်တောင် ငဲ့ကွက်ခြင်းမရှိဘဲ အမျိုး ဘာသာ၊သာသနာကို ကာကွယ်တဲ့ တလထော်ဆိုတဲ့ အမျိုးသမီးငယ်အတွက် ဂုဏ်ယူဝမ်းမြောက် သာဓု ခေါ်ပြီး တလေးတစား ဂုဏ်ပြုမိပါတော့သည်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center