သဇင္ပန္း

မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အမှတ်ပြုကြသော သဇင်ပန်းကို သန့်ပြန့်စင်ကြယ်သော နေရာ၌သာ ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍လည်းကောင်း၊ ဒဏ္ဍာရီ ပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည်သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင် သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍လည်းကောင်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။

သဇင်ပင်သည် သစ်ခွပင်များနှင့်အတူ ဩခစ်ဒေစီအီးမျိုးရင်း၌ ပါ ဝင်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဗာလဗိုဖိုင်လမ်ဩရိကိုမမ်ဟုခေါ်သည်။ ယင်းသည် ဂမုန်းမျိုးတွင်အပါအဝင်ဟူ၍လည်း စာဟောင်းပေဟောင်းများ၌ အဆိုရှိသည်။ ဂမုန်းမျိုးဖြစ်သော သဇင် (၁၅)မျိုးရှိကြောင်း၊ တော်ဝင်ပန်းဖြစ်ကြောင်း တို့ကို ရွှေတိုက်စိုး ဦးတိုးရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင်....

"စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြေ၊
မိုးမခဘူး နွေလသံပေါက်၊ ရည်သန်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့် အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်။
လက်တံတိုတမည်၊ လက်တံရှည်နှင့် နေရောင်ခြည်-လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊
ပုလဲဆိုင်း၊ ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊
နီလာရောင်-တောင်လုံးပြိုင်၊ သုံးပွင့်ဆိုင်-ခိုင်လုံးဆန်း၊
ပင်လုံးလန်း-နွဲ့တန်း ယိမ်းကလေးတို့က-လေသိမ်းတိုင်းလှ၊
ကိန္နရီကသည့်နှယ်၊ တချို့က ဖြူပြာပြာ၊ တချို့က ဖြူဝါဝါ၊
တချို့မှာ ချိပ်ပွင့်၊ တချို့မှာ ပန်းရင့်လို့ ၊ ပင်မြင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံကြ၊ ဝေယန်နန်းမြင့်၊ ရှုတိုင်းတင့်မို့၊
မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊
သေချင်သေ၊ ရှင်ချင်ရှင်၊ အင်မတန့်၊ အင်တန်ရာဝတ်တော် ခံရမည်၊ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလမ်းကို၊
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်နှင့်ဝင့်မတုန်း။ ဘုန်းနှင့်ကံနှင့်၊ ရွှေသဇင်" ဟူ၍ စပ်ဆိုလေသည်။ [၁]

သဇင်ပင်သည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်သည်။ ဆောင်းရာသီဖြစ်သော နတ်တော် ပြာသိုလများတွင်လှိုင်လှိုင်ပွင့်လေ့ရှိသည်။ ထို့ကြောင့်ပင် မြဝတီမင်းကြီးဦးစက သူ၏သဇင်ပန်းဘွဲ့၌ သည်ဆောင်း ဟေမန်၊ မြောက်ပြန်လေညှင်းဆော်တယ်ကို၊ နတ်တော် ပြာသို၊ စိုစိုတည့် နှင့်ဖုံဖုံ၊ရိုးတံဆင့်ဖူးငုံ၊ ဝတ်မှုံတင့်ဆုံး၊ သဇင်ပန်း ဂမုန်းငယ်နှင့်လေး ဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။

သဇင်ပင်သည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍ ၎င်း၊ အိုးထဲ၌ အုန်းဆံပွပွနှင့်ထည့်၍၎င်း ခပ်သန့်သန့် စိုက်ရသော ဥမှထွက်သည့်အပင်ကလေးမျိုးဖြစ်သည်။ မူလက စိမ့်ကြီးတောကြီးထဲ၌ ပေါက်ရောက်သောအပင်မျိုးဖြစ်၏။ ထိုကြောင့် စာဆိုတော်ကြီးဦးတိုးက သူ၏ရာမရကန်၌ 'စမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံ ပင်ဆင့်၊ မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူးဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။ သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ ယေဘုယျအားဖြင့် တစ်လက်မသာသာခန့်ကြီးသည်။ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဦးကျစတွင်ထွက်သည်။ အရွက်သည် တစ်လက်မမှ သုံးလက်မအထိရှည်၍ အစိမ်းနုရောင်ဖြစ်သည်။ အလယ်ကြောမကြီး တစ်ခု သာပါ၍ အရွက်သားသည်ပြောင်ချောသည်။ အပွင့်ပွင့်ချိန်၌ အရွက်များကြွေလေသည်။ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက်တစ်ချက်စီပွင့်သည်။ အပွင့်သည် သေးငယ်၍ အလယ်၌ဝတ်ဆံပါသည်။ သဇင်ပန်းပွင့်အရောင်သည် လေးမျိုးရှိ၍ ယင်းတို့မှာScreenshot_20181205-193226.jpgScreenshot_20181205-193231.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center