ယနေ့နံနက်

ရှူး.. တိုးတိုး၊ စာရေးဆရာကြီး စာရေးနေတယ်
ရှူး.. တိုးတိုး ဆိုသော အသံကပင် တော်တော်ကျယ်၏။
အခန်းဘေးက ဖြတ်လျှောက်သွားသော
အမျိုးသမီးသုံးယောက်
တစ်ယောက်ကို ကျွန်တော်သိသည်။
ပန်းချီပြပွဲမှာ သူငယ်ချင်းတစ်ယောက်က
မိတ်ဆက်ပေးဖူးသည်။
စီးပွားရေးတက္ကသိုလ်က၊ နာမည်တော့ မေ့သွားပြီ။
ထားပြောတာ သူလား
အင်း
ကဗျာလေးတွေကတော့ မဆိုးပါဘူး၊
လူပုံကတော့.. ဟိ ဟိ
အပေါက်ဝနားထိုင်မိတာ မှားသည်။
ချောင်ထဲသို့ရွှေ့မှ။ တက္ကသိုလ်မှာက ဒီလိုပဲ။
ယောကျ်ားလေးအုပ်စုများလျှင် မိန်းကလေးတွေ
အနောက်အပြောင် ခံရမည်။
အဲ.. မိန်းကလေးအုပ်စုက
များပြီး ယောကျ်ားလေးတစ်ယောက်တည်း
ဆိုလျှင်လည်း မလြယ္ဘူး။
ရေးလက်စစာမျက်နှာကို ပြန်ကြည့်သောအခါ
ယနေ့နံနက်တဲ့၊ ဘာဖြစ်သလဲ ယနေ့နံနက် (ယနေ့နံနက်
မိုးအုံ့ပါသည်။
နှင်းဆီပန်းကလေးတွေ အိပ်ပျော်နေကြတုန်း။
ဇော်လတ်သည် အိမ္တံခါးကို ပိတ်လိုက်၏။
သော့ခတ်သည်။ ရာသီဥတုကား အုံ့မှိုင်းမှိုင်းရှိ၏။
သို့ရာတွင် သူ့စိတ်ကား ပေါ့ပါးသွက်လက်နေသည်အမှန်။)
ဟေ့ ကိုဉာဏ်ပိုင်၊ ဘာတွေ ရေးနေတာလဲဗျ
ဟိုက်.. သွားပါပြီ၊
သူ့ကို လှမ်းမကြည့်မိသော်လည်း အသံကြားရုံဖြင့် သိလိုက်သည်။
စိုးမြင့်။ ကျွန်တော်တို့
အတန်းထဲမှာ စကားအများဆုံး။
ဒုက္ခပါပဲ။
ကျောင်းမဂ္ဂဇင်းကို ပို့မလို့ ဝတၳုတိုကလေး ရေးနေတာပါဗျာ
ဒီလောက်ဆို သူနားလည်ဖို့ကောင်းပြီ။
သို့ရာတွင်....
ဒါဆို ဦးနှောက်လေး ကြည်လင်သွားအောင်
လက်ဖက်ရည် သွားသောက်ကြစို့၊ လာ.. ကျွန်တော်
တိုက်ပါ့မယ်
ငြင်းဆိုဖို့မသင့်ကြောင်း နားလည်သည်။
လက်ဖက်ရည်ဆိုင် မလိုက်လျှင်လည်း
ဒီအခန်းထဲမှာပင်
သူစကားတွေ ပြောပါလိ်မ့်မည်။
ထို့ကြောင့် ထလိုက်သွားသည်။

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency