Global Defense Wepons

Denel ၃၅မမ နှစ်လက်တွဲရေတပ်သုံးစက်အမြောက်အကြောင်း

Denel ၃၅မီလီမီတာ နှစ်လက်တွဲရေတပ်သုံးစက်အမြောက်အားတောင်အာဖရိကနိုင်ငံ Denel စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ရေယာဉ်များရဲ့အနီးကပ်လေ
ကြောင်းရန်ကာကွယ်ရေးအတွက်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်
အဓိကအားဖြင့် ရဟတ်ယာဉ်များ၊လေယာဉ်များနှင့်
ဒုံးပျံများအားချေမှုန်းရန်ဖြစ်သော်လည်းရေပြင်ပစ်မှတ်များ၊ကမ်းခြေရှိပစ်မှတ်များကိုပါပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်

ပစ်မှတ်ကိုစစ်ရေယာဉ်တွင်တပ်ဆင်ထားသော
ပစ်မှတ်ရှာရေဒါဖြင့်ထောက်လှမ်းပြီး
ပစ်ခတ်မှု့လမ်းညွှန်ရေဒါ၊အနီအောက်ရောင်ခြည်သုံးအပူအာရုံခံဆင်ဆာဖြင့်ပစ်ခတ်ချေမှုန်းသည့်စနစ်ဖြစ်ပာတယ် မျက်နှာပြင် ပစ်မှတ်များအားစစ်ရေယာဉ်အတွင်း ထိန်းချုပ်ခန်း မှပင်ထိန်းချုပ်ပစ်ခတ်နိုင်ပြီး
ဝေဟင်ပစ်မှတ်များကိုတော့ အလိုအလျောက်စနစ်ဖြင့်
ပစ်ခတ်ချေမှုန်းခြင်းဖြစ်ပာတယ် ​ရေဒါဖိဖျက်​ခံရချိန်​အ​ရေး
ပေါ်အ​နေအထားတွင်​ Manual စနစ်ဖြင့်လည်းပစ်ခတ်
နိုင်ပြီး Manual Control Panel ကိုအမြောက်ဆုံ
လည်အနီးတွင်တပ်ဆင်ထားပာတယ် အဆိုပါအမြောက်
စနစ်တပ်ဆင်ရန်အတွက် စစ်ရေယာဉ်၏ကြမ်းပြင်အား
ဖောက်ထွင်းရန်မလိုပေ တန် ၂၀၀ ဝန်းကျင်​ရှိစစ်ရေယာဉ်ငယ်များတွင်ပါအလွယ်တကူတပ်ဆင်နိုင်ပါတယ်

တစ်မိနစ်ကိုကျည်​ ၁၁၀၀ နှုန်းဖြင့်​ပစ်​ခတ်​နိုင်​ပြီး
အမြောက်ပြောင်းတစ်ခုစီအတွက်ကျည်​ ၂၄၀ ပါ
ကျည်အိမ် ဖြင့်ပံ့ပိုးထားပါတယ်
နေတိုးစံပြု ၃၅မမ အမြောက်ကျည်မျိုးစုံ
(AHEAD, High Explosive Incendiary (HEI),
HEI-Tracer, Semi-Armour Piercing HEI,
APCI, Target Practice (TP), TP-Tracer)
တို့ကို ထည့်​သွင်းပစ်ခတ်နိုင်ပြီးဒုံးပျံကြားဖြတ်ရန်ကိုတော့
Advance Hit Efficiency and Destruction (AHEAD) ကျည်အမျိုးအစားကိုအသုံးပြုပါတယ်
ထိုကျည်ထိပ်ဖူးတစ်​ခုစီတွင် အဖြိုက်နက်သတ္တုအစ
၁၅၂ ခုပါဝင်ပြီးတစ်ကြိမ်ကြားဖြတ်လျှင်အမြောက်ဆံ ၂၅ စင်းထိပစ်လွှတ်ကာပစ်မှတ်ဒုံးကျည်၏ရှေ့မီတာ
၄၀မှ ၁၀မီတာအတွင်းသတ္တုအစ ၃၈၀၀ ထိကွဲထွက်ပျံ့နှံ့စေပြီးပစ်မှတ်ကိုပျက်စီးစေခြင်းဖြစ်ပါတယ်

ရေပြင်ရှပ်ပျံလာသော Subsonic Cruise Missileအား ၂.၅ ကီလိုမီတာအကွာတွင်လည်းကောင်း၊
Supersonic Cruise Missileအား ၁.၅ ကီလိုမီတာ
အကွာတွင်လည်းကောင်းကြားဖြတ်ချေမှုန်းနိုင်ပါတယ်
လေယာဉ်၊ရဟတ်ယာဉ်အား ၄ ကီလိုမီတာ၊
ရေယာဉ်နှင့်ကမ်းခြေရှိပစ်မှတ်များအား ကိုလဲ ၆ ကီလိုမီတာထိပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်

ယင်းအမြောက်စနစ်ကို တောင်အာဖရိကရေတပ်ရှိ Valour Class Frigate စစ်ရေယာဉ် ၄ စီးတွင်
CIWS စနစ်အနေဖြင့်တပ်ဆင်ထားပါတယ်

image
image
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center