MSO member များအတွက် Post တင်နည်းနဲ့ Post တင်ပြီးတိုင်းသုံးသင့်သော Bot လေးများအကြောင်း အပိုင်း (၂)

You-Win-I-Win-We-Win-2015-660x495.jpg

အားလုံးပဲမင်္ဂလာပါခင်ဗျ။
မင်္ဂလာနှစ်သစ်လေးဖြစ်ပါစေ။

ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ MSO member များအတွက် steemit လုပ်ကိုင်ရာမှာ ပိုမိုအဆင်ပြေစေဖို့ Tips & Tricks လေးများကို တင်ပြပေးနေခြင်းပဲဖြစ်ပါတယ်။

ခုဆက်လက်တင်ပြပေးမှာကတော့ Post တင်ပြီးတိုင်း အသုံးပြုသင့်တဲ့ Bot သေးသေးလေး အချို့ပဲဖြစ်ပါတယ်ဗျာ။
အရင်အပိုင်း (၁) ကို မဖတ်ရသေးသူတွေရှိရင်

https://steemit.com/wafrica/@zinmintun7/mso-member-undefinedatyk-post-tngnnyne-post-tng-pitongthundefinedthngetha-bot-elundefinedae-kang-apong-1

မှာ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။


Post တင်ပြီးတိုင်းသုံးသင့်သော Bot လေးများ

(၁) minnow support

DQmYaSPP8JMYkBXBrdHwzcc4uxMBp8Fwdkj795jxemD5nYB.png

@minnowsupportကတော့ MSO member တွေ နဲ့ မစိမ်းဘူးလို့ထင်ပါတယ်။ Post တင်ပြီးတိုင်း သုံးသင့်တဲ့ free bot အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ cooldown time ရှိလို့ (၂) ရက်တကြိမ် (၃) ရက်တစ်ကြိမ်သာ အသုံးပြုလို့ရပါတယ်။
အသုံးပြုနည်းအသေးစိတ်ကိုတော့ group အတွင်း စာအုပ် လုပ်ပေးထားပြီးဖြစ်သဖြင့် အကျယ်ချဲ့ မဖော်ပြတော့ပါ။


(၂) drotto

Screenshot_59.png

@drottoဟာ 270 seconds တစ်ကြိမ် (0.001SBD) နှင့်အထက် ပေးပို့ကာ bid နိုင်တဲ့ Bot တစ်မျိုးဖြစ်ပါတယ်။
သို့ရာတွင် သတိပြုရန်မှာ သင်မည်မျှပင် SBD amount များများ ပို့စေကာမူ
post တစ်ခုအတွက် သူ့ရဲ့ voting weight 0 to 3.13% ထိပဲ ပေးမယ်လို့ရေးထားပါတယ်။
အဲ့တော သူ့ရဲ့ လက်ရှိ Steem power နဲ့ Post တစ်ခုအတွက် သူ maximum ပေးမဲ့ဆိုတဲ့ voting weight 3.13% နဲ့ ဆိုရင် $ ဘလောက်ထိ တက်နိုင်လဲ လေ့လာကြည့်ရအောင်...

ယခုလက်ရှိ ဖော်ပြပါပုံအရ drotto မှာ steem power 9269 ရှိပါတယ်။ အဲ့ဒါကို
https://www.steemnow.com/upvotecalc.html
မှာ ၀င်ရောက် တွက်ချက်ပြီး voting weight မှာ 3.13% နဲ့ တွက်လိုက်ရင် 0.06$ ပဲ ရပါတယ်။
ဒါကြောင့် drotto bot သည် Post တစ်ခုအတွက် တစ်ခါ bid လျှင် အများဆုံး 0.06$ အထိပဲ ရနိုင်မယ်လို့ သိထားရပါမယ်။

Screenshot_60.png

ဒါကြောင့်မိမိအတွက် တွက်ခြေကိုက်မည့် ပမာဏ (0.001 - 0.002 SBD) ခန့်သာ ပို့ စေလိုပါသည်။

ထိုသို့ပို့ခြင်းဖြင့် မိမိ Post တွင် 0.01$ မှ 0.06$ အတွင်း ရရှိနိုင်မည်ဖြစ်သဖြင့် post တင်ပြီးတိုင်း အသုံးပြုသင့်ပါသည်။

အသုံးပြုနည်း

Screenshot_61.png

wallet ထဲမှ sbd amount ဘေးက မြှားလေးကိုနှိပ်ပြီး transfer လုပ်ပါ။
ထို့နောက် ငွေလက်ခံမည့်သူနေရာမှာ drotto ထည့်ပါ။
ငွေ amount ကို 0.001 SBD ထည့်ပါ။
memo မှာတော့ မိမိ upvote ရယူလိုသည့် steemit Post ရဲ့ လင့် ကို ထည့်ပြီး transfer လုပ်၍ upvote တောင်းနိုင်ပါပြီ။

Screenshot_62.png


(၃) minnow helper

Screenshot_64.png

@minnowhelper ဟာ 2.4 hr တစ်ကြိမ် bid ရတဲ့ bid bot အမျိုးအစားဖြစ်ပါတယ်။
သူ့ရဲ့ လက်ရှိ bidding round အခြေအနေကို လေ့လာချင်ရင်တော့ steembottracker.com ကိုသွားပြီး minnowhelper ကို ရှာကာ detail နှိပ်ပြီး ဘယ်သူတွေ ဘလောက် bid ထားလည်း လေ့လာနိုင်ပါတယ်။

(စာရေးသူကတော့ ဒီ bot အတွက် bidding round ကို သွားကြည့်လေ့မရှိပါ။ စာရေးသူအသုံးပြုသောနည်းကိုသာ ပြောပြပေးသွားပါမည်။)

minnow helper ကို upvote တောင်းရာတွင် အသုံးပြုသင့်သည့် SBD ပမာဏကတော့ (0.01 SBD) ပဲဖြစ်ပါတယ်။ Bidding လုပ်သူ ဦးရေ နဲ့ ပမာဏ ပေါ်မူတည်ပြီး 0.02 $ ကနေ 0.05၌ ထိ 2x to 5x ပြန်လည်vote ပေးတတ်တဲ့အတွက် post တင်ပြီးတိုင်း အသုံးပြုသင့်ပါတယ်။

အသုံးပြုနည်းကတော့ drotto မှာတုန်းကဖော်ပြထားသည့်အတိုင်းပဲဖြစ်ပါတယ်။ ငွေလက်ခံမည့်သူနေရာမှာ drotto အစား minnowhelper ပြောင်းထည့်ပြီး amount ကို 0.01 ထည့်ပြီး memo တွင် post link ထည့်၍ transfer လုပ်နိုင်ပါသည်။


(၄) minnowhelper-1, minnowhelper-2, minnowhelper-3, minnowhelper-4, minnowhelper-5

Screenshot_65.png

@minnowhelper-1,2,3,4,5 များသည် မူရင်း minnowhelper bot ၏ လက်ခွဲ bot အကောင့် များဖြစ်ပါသည်။

သူတို့ထံ upvote တောင်းလျှင် 0.001 SBD ကိုသာ လက်ခံပါသည်။ ထို့ထက်ပို၍ ပို့လျှင် လက်မခံပါ။ post age အများဆုံး (၁) ရက်အထိသာ လက်ခံတာကြောင့် post တင်ပြီးပြီးချင်း သုံးလျှင်သာ အဆင်ပြေပါသည်။
(0.001ှSBD) ပို့ခြင်းဖြင့် 0% - 10% voting weight ရရှိမည်ဖြစ်ပါသည်။ 10% upvote ရခဲ့လျှင် မိမိပို့သည့် ပမာဏထက် 9x , 5% ရခဲ့လျှင် 4.5x ရရှိမည်ဖြစ်သောကြောင့် Post တင်ပြီးတိုင်း ထို bot (5) ခုစလုံးကို အသုံးပြုသင့်ပါသည်။

အသုံးပြုနည်းကတော့ အထက်ပါ drotto, minnowhelper တို့နှင့်အတူတူပင်ဖြစ်ပါသည်။ ငွေလက်ခံမည့်သူနှင့် ပမာဏ တွင်သာ အပြောင်းအလဲလုပ်ကာ memo တွင် post link ထည့်ပြီး အသုံးပြုနိုင်ပါသည်။


(၅) flymehigh

Screenshot_63.png

@flymehigh ကတော့ 2.4 hr တစ်ကြိမ် bid ရသည့် bot ဖြစ်ပါသည်။ စာရေးသူ သုံးနေစဉ်တွင် minimum transfer ဖြစ်သည့် 0.05 SBD ပို့ထားလိုက်ပါလျှင် 0.12$ နှင့်အထက် upvote လာပေးသည်ဖြစ်၍ 2.4x အထက် ပြန်ရသည့် bot ဖြစ်သဖြင့် post တင်ပြီးတိုင်း သုံးသင့်ပါသည်။

အသုံပြုနည်းကတော့ ယခင် bot များအတိုင်းပင်ဖြစ်သည်။ လက်ခံမည့်သူနေရာတွင် flymehigh ထည့်ပြီး ငွေပမာဏမှာ 0.05 SBD ထည့် ကာ memo တွင် Post link ထည့်ပြီး သုံးနိုင်ပါသည်။


(၆) upvotewhale

Screenshot_66.png

@upvotewhale ကတော့ instant fix upvote bot အမျိုးအစားဖြစ်ပါတယ်။ သူက 0.005 to 0.2 SBD ထိ ပို့နိုင်ပြီး မိမိ ပို့သည့် ငွေပမာဏ ရဲ့ 2.1x ကို ပြန်လာ vote ပေးပါသည်။ 2.1 x bot သည် အမြတ်အစွန်း နည်းသော်လည်း စာရေးသူစမ်းသပ်ချက်အရ
upvotewhale သည် 2.1x သာလာပေးသော်လည်း Post တင်ပြီး ချက်ချင်းသုံးနိုင်လျှင် curation reward 25%ပြန်မပေးရပဲ မိမိသာလျှင် reward အပြည့်အ၀ရရှိမည်ဖြစ်၍ 2.625x ရရှိသည်ဟု ဆိုရမည်ဖြစ်သောကြောင့် Post တစ်ခုရေးပြီးတိုင်း ချက်ချင်းအသုံးပြုသင့်ပါသည်။ (voting power ကျနေချိန် vote လာမပေးနိုင်လျှင် မိမိပေးပို့ငွေပြန်အမ်းပါသည်။)

အသုံးပြုသင့်သည့်ငွေပမာဏမှာ 0.05 SBD ဖြစ်ပါသည်။
အသုံးပြုပုံကတော့ ယခင်bot များနည်းတူသာဖြစ်သည်။ လက်ခံမည့်သူနှင့် SBD amount
ပြောင်းပြီးပို့ရုံသာဖြစ်သည်။


(၇) emperorofnaps

Screenshot_67.png

@emperorofnaps သည် 2.4 hr တစ်ကြိမ် upvote ပေးသည့် bid bot တစ်မျိုးဖြစ်ပါသည်။ 0.1 SBD ပို့သင့်ပြီး များသောအားဖြင့် 0.24 $ နှင့်အထက် ခန့်လာ vote သဖြင့် 2.4x နှင့် အထက်ပြန်ရသည့် bot တစ်မျိုးဖြစ်သည်။

အသုံးပြုသင့်သည့်ငွေပမာဏမှာ 0.1 SBD ဖြစ်ပါသည်။
အသုံးပြုပုံကတော့ ယခင်bot များနည်းတူသာဖြစ်သည်။ လက်ခံမည့်သူနှင့် SBD amount
ပြောင်းပြီးပို့ရုံသာဖြစ်သည်။


(၈) earthnation-bot

Screenshot_69.png

@earthnation-bot သည် minnow only bot ဖြစ်သည်။ English လိုရေးသည့် Post များကိုသာ upvote ပေးပြီး 10 ရက်တစ်ကြိမ် upvote တောင်းနိုင်ပါသည်။. ယခုစာရေးသည့်အချိန်တွင်0.025 SBD လက်ခံပြီး 0.1$ ခန့် upvote ပေးနေသဖြင့် 4x ပြန်လည်ရရှိသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် (၁၀) ရက်တစ်ကြိမ်သာ ရပါသည်။

အသုံးပြုသင့်သည့်ငွေပမာဏမှာ 0.025 SBD ဖြစ်ပါသည်။
အသုံးပြုပုံကတော့ ယခင်bot များနည်းတူသာဖြစ်သည်။ လက်ခံမည့်သူနှင့် SBD amount
ပြောင်းပြီးပို့ရုံသာဖြစ်သည်။


(၉) speedvoter

Screenshot_70.png

@speedvoter သည် drotto ကဲ့သို့ပင် 270 seconds တစ် round vote ပေးသော bid bot အမျိုးအစားဖြစ်ပါသည်။

အသုံးပြုသင့်သည့်ပမာဏမှာ 0.005 to 0.02 SBD ဖြစ်ပြီး 2x to 3.5x ထိ ပြန်လည် vote ပေးသဖြင့် Post တင်ပြီးတိုင်းအသုံးပြုသင့်ပါသည်။

အသုံးပြုသင့်သည့်ငွေပမာဏမှာ 0.005 to 0.02 SBD ဖြစ်ပါသည်။
အသုံးပြုပုံကတော့ ယခင်bot များနည်းတူသာဖြစ်သည်။ လက်ခံမည့်သူနှင့် SBD amount
ပြောင်းပြီးပို့ရုံသာဖြစ်သည်။


(၁၀) flagship

Screenshot_71.png

@flagship သည် 2.5x Fix bot အမျိုးအစားဖြစ်ပါသည်။ သို့ရာတွင် ငွေလွှဲပြီ3း ရက်ခန့် အကြာမှ လာရောက် vote ပေးတတ်ပါသည်။

အသုံးပြုသင့်သည့်ငွေပမာဏမှာ 0.2 SBD ဖြစ်ပါသည်။ 0.5$ ခန့် လာ 2.5x လာ vote ပါလိမ့်မည်။
အသုံးပြုပုံကတော့ ယခင်bot များနည်းတူသာဖြစ်သည်။ လက်ခံမည့်သူနှင့် SBD amount
ပြောင်းပြီးပို့ရုံသာဖြစ်သည်။

ယခုတင်ပြသော bot များအနက် drotto, minnowhelper-1,2,3,4,5 , speedvoter, earthnation-bot, upvotewhale bot များသည် Post တင်ပြီးပြီးချင်း ချက်ချင်းသုံးလျှင် 1 မိနစ်မှ 15 မိနစ်အတွင်း upvote လာပေး သည်ဖြစ်သဖြင့် 25% curation ပြန်မပေးရပဲ Post Reward အပြည့်ရရှိသဖြင့် ပိုတန်ပါသည်။

ယခုအထက်တွင်ဖော်ပြခဲ့သော bot များသည် စာရေးသူကိုယ်တိုင် စမ်းသုံးကြည့်ပြီးဖြစ်ပြီး အသုံးပြုရအဆင်ပြေနေသည့် bot များဖြစ်ပါသည်။ အသုံးပြုသင့်သည့်ပမာဏမှာ အချိန်ကာလအလိုက် အပြောင်းအလဲရှိနိုင်ပါသည်။ upvote bot အကောင့်၏ steemit wall သို့ မကြာမကြာ စစ်ဆေးပြီးမှသာ အသုံးပြုသင့်ပါသည်။ နားမလည်သည်များရှိလျှင် MSO Messenger Group တွင် မေးမြန်းနိုင်ပါသည်။

နောက်ထပ်ကောင်းနိုးရာရာနည်းလမ်းအသစ်များတွေ့ခဲ့လျှင်လည်း ထပ်မံတင်ပြသွားမည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါရစေ.။

MSO member များနှင့် Steemit လောကသားအားလုံး အောင်မြင်ကြပါစေဗျာ။

images.jpg

အားလုံးကိုခင်မင်လျှက်
@zinmintun7
mso-3

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center