Mine တူးသမား ဘဝ အစ Part XXXIV

images.jpg

" ရွှေဆိုင်တွေက မိတ်ရအောင် ငွေကြိုပေးထားကြတာလား "
" ဟုတ်တယ် ဦးလေး၊ ပစ္စည်းတွေလဲ ကြိုပေးထားကြတယ် "
" ဘာပစ္စည်းတွေလဲ "
" ကြိတ်စက် ပစ္စည်း၊ ချက်ကန် ပစ္စည်း အမာခံပစ္စည်းတွေပေါ့။ ဒီဇယ်၊ ယမ်း "
" ဘယ်ပုံစံနဲ့ ပေးတာလဲ "
" အင်းပိုင်တွေကို ပေးတာ၊ သူတို့မှာ ကြိတ်စက်နဲ့ ချက်ကန်တွေရှိတယ် "
" သူတို့က ရွှေအရိုင်းပြန်သွင်းတယ်ပေါ့ "
" ဟုတ်၊ တချို့က လှော်ဖိုတောင် လာအပ်တယ် "
" တို့ဆိုင်ကော အဲဒီပစ္စည်းတွေ မတင်ဘူးလား "
" အခု မတင်နဲ့ဦး၊ မိတ်မရသေးခင် ငွေအိပ်နေမယ် "
" ဟုတ်တယ်၊ ရွှေအရင်ဝယ်ရမယ် "
" ရမည်းသင်းက ရွှေသန့်စင်ဆိုင်တွေကို ရွှေများများသွင်းရင် သူတို့လဲ ကိုယ့်ကို ကြိုတင်ငွေ ထုတ်ပေးတယ် "
" ဘယ်လောက်ထုတ်ပေးလဲ "
" ကျနော့်ဆရာဆိုရင် သိန်းထောင်ချီကြိုထုတ်ပေးတယ် "
" သူ့ဆီ ရွှေ သွင်းတဲ့သူ များလို့ပေါ့ "
" လုပ်တာလဲကြာပြီ ဦးလေးရယ်၊ ရွှေတောတိုင်းမှာ သူတို့ဆိုင်တွေချည်းပဲ "
" သူ့မိတ်ကို ကိုယ့်မိတ်ဖြစ်အောင် ချက်ခြင်းမလုပ်နိုင်ဘူး၊ ကိုယ့်ဖာကိုယ် ရပ်တည်နိုင်အောင် အရင်လုပ်ရမယ် "
" ဦလေးက ဘယ်လိုလုပ်မှာလဲ "
" သူများလာမရောင်းလဲ ကိုယ့်ဖာကိုယ် ရွှေရအောင် လုပ်ရမှာ "
" ဦလေး ရွှေတူးမလို့လား "
" စဉ်းစားကြည့်တာ "
" ရွှေတူးတာ အရင်းများတယ်၊ ပြန်ရမရ မသေချာဖူး "
" သိတယ်၊ AD 6 မှာ ဂျောစားရင်ကော "
" အဲဒါ ကောင်းတယ် ဦးလေး၊ သူများရွှေရော ကိုယ့်ရွှေရော ရတာတာပေါ့ "

images(1).jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center