ဘတ်စ်ကားစီးလာတုန်း အင်္ကျီအိပ်ကပ်ထဲ ထည့်ထားတဲ့ လက်ကိုင်ဖုန်းက တဂျီဂျီနဲ့ အဆက်မပြတ် တုန်ခါနေတယ်။ကျနော်က ဘတ်စ်ကားစီတော့မယ်ဆိုရင် လက်ကိုင်ဖုန်းကို အသံပိတ်ပြီး vibrate only လုပ်တယ်။ကိုယ့်ကြောင့် သူများ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ။ဘတ်စ်ကားပေါ်မှာ ဖုန်းမပြောချင်ဘူး။Privacy မဖြစ်ဘူး ထင်လို့ အရေးကြီးမှ တိုတိုတုတ်တုတ် ပြောတယ်။အခုလာတဲ့ဖုန်းက အရေးကြီးလား မကြီးလား သိချင်လို့ ထုတ်ကြည့်လိုက်တော့ ကိုယ်သင်္ဘော်စီးတုန်းက ကိုယ့်လက်အောက်က
အရာရှိတစ်ယောက် ဆက်တာ ဖြစ်နေတယ်။
အဆက်အသွယ်ပြတ်နေတာ နှစ်အတော်ကြာပြီ။သူနဲ့က ၂၀၁၁ လောက်မှာ ကိုရီယားပိုင် Hanjin ကုမ္ပဏီသင်္ဘော်ကို အတူစီးခဲ့ကြတာ။အဲဒီတုန်းက သူအရာရှိဖြစ်ကာစဆိုတော့ အရမ်းဖြတ်လတ်တက်ကြွနေတာပဲ။အလုပ်ကို မခိုမကပ်ဘဲ ဒိုင်ခံလုပ်တာ။ကိုရီယားစကားလဲ အတော်အသင့် ပြောနိုင်တော့ ကိုရီးယားတွေ သဘောကျကြတယ်။တရုတ်စကားဆို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။သင်္ဘော်မှာ တရုတ်လဲပါတော့ အကုန်လုံးနဲ့ အဆင်ပြေတယ် ပြောရမှာပေါ့။ကိုယ့်အတွက်လဲ သူမသိတာ ရှင်းပြပေးရတာပဲ ရှိတယ်။ကျန်တာအကုန် လက်လွှဲထားလို့ရတယ်။အဲဒီသင်္ဘော်မှာစာချုပ်ပြည့်တော့ ကျနော် မြန်မာပြည် ပြန်လာတယ်။သူကျန်ခဲ့ပြီး နောက် ၆လမှာ ရာထူးတက်တယ်ကြားတယ်။လစာ ဒေါ်လာ ၄၂၀၀ ရတယ်ပေါ့။ကျနော်က နောက်သင်္ဘော် ၂စီးထပ်စီးပြီး သင်္ဘော်သားအလုပ်နားလိုက်တယ်။အိမ်ကို စာလာမေးတဲ့သူတွေကို မေးကြည့်တော့ သူလဲအခုသင်္ဘော်မစီးတော့ဘူး၊ရွှေတူးနေတယ်လို့ သိရတယ်။
သူနဲ့ အေးအေးဆေးဆေး ပြောချင်လို့ ဘတ်စ်ကားပေါ်မှာ မပြောတော့ပဲ ဖုန်းချလိုက်တယ်။