How to make Bibimbap ( 비빔밥 )

Bibimbap (비빔밥) တ နည်း အား ဖြင့် ကို ရီး ယား ထ မင်း သုပ် ပြု လုပ် ပုံ လေး ကို ပြော ပြ ချင် ပါ တယ် ။ ကို ရီး ယား ထ မင်း သုပ် ဆို တဲ့ အ တိုင်း ထ မင်း နဲ့ ဟင်း သီး ဟင်း ရွက် အ သား အ နည်း ငယ် ရှိ ရုံ နဲ့ အ လွယ် တ ကူ ပြု လုပ် သုံး ဆောင် နိုင် ပါ တယ် ။ ကို ရီး ယား မှာ ဆို လဲ နာ မည် ကြီး တဲ့ ဟင်း လျာ တ မျိုး ပဲ ဖြစ် ပါ တယ် ။

လို အပ် သော ပါ ဝင် ပစ္စည်း များ
( ၁ ) ခါ ကြက် ဥ
( ၂ ) ကြက် ဥ
( ၃ ) ဒ ရင် ကောက် ရွက်
( ၄ ) ကြက် သွန် ဖြူ ထောင်း
( ၅ ) အ မဲ သား
( ၆ ) ကို ရီး ယား င ရုတ် နှစ် ( gochujang) supermarket တွေ မှာ ဝယ် လို့ ရ ပါ တယ်
( ၇ ) ရှမ်း ဆန်
( ၈ ) နှမ်း ဆီ
( ၉ ) နှမ်း
( ၁၀ ) မှို
( ၁၁ ) ပဲ ငံ ပြာ ရည်
( ၁၂ ) ပဲ ပင် ပေါက်
( ၁၃ ) ဟင်း နု နယ် ရွက်
( ၁၄ ) ဆီ
( ၁၅ ) ခ ဝဲ သီး
( ၁၆ ) သ ခွား သီး
( ၁၇ ) ဆား
( ၁၈ ) သ ကြား

ပြင် ဆင် ပုံ အ ဆင့် ဆင့်
( ၁ ) ဒ ရင် ကောက် အ ရွက် ကို ရေ နွေး ဖြင့် နူး အောင် ထိ ပြုတ် ပေး ထား ပါ ။ ကျက် ရင် ရေ အေး ထဲ ခ ဏ စိမ် ပေး ပါ ။
( ၂ ) ရှမ်း ဆန် ကို တည် ပြီး ထ မင်း ချက် ထား ပါ ။
( ၃ ) ပဲ ပင် ပေါက် ကို လဲ ရေ နွေး နဲ့ ဆား အ နည်း ငယ် ထည့် ကာ နူး အောင် ပြုတ် ပေး ထား ပါ ။
( ၄ ) ပဲ ပင် ပေါက် ကျက် သွား ရင် ကြက် သွန် ဖြူ ထောင်း ၊ ဆား ၊ နှမ်း ဆီ တို့ ထည့် ပြီး နယ် ထား ပါ ။
( ၅ ) ဟင်း နု နယ် ကို လဲ ပဲ ပင် ပေါက် လို ပဲ ပြုတ် ပြီး နယ် ထား ပါ ။
( ၆ ) ခ ဝဲ သီ နဲ့ သ ခွား သီး တို့ ကို လဲ ဆား အ နည်း ငယ် ထည့် ပြီး ပြုတ် ထား ပေး ပါ ။
( ၇ ) အ မဲ သား ကို ကြက် သွန် ဖြူ ထောင်း ၊ ပဲ ငံ ပြာ ရည် ၊ သ ကြား ၊ နှမ်း ဆီ ၊ နှမ်း တို့ နဲ့ နှပ် ထား ပါ ။

ပြု လုပ် ပုံ အ ဆင့် ဆင့်
( ၁ ) ခါ ကြက် ဥ ကို ဆီ အ နည်း ငယ် ထည့် ပြီး တစ် မိ နစ် ခန့် ကြော် ပေး ပါ ။
( ၂ ) သ ခွား သီး နဲ့ ခ ဝဲ သီး ကို လဲ ဆီ နဲ့ ကြော် ပေး ပါ ။
( ၃ ) ဒ ရင် ကောက် ရွက် နဲ့ ဟင်း နု နယ် ကို လဲ ကြော် ပေး ပါ ။ မှို ကို လဲ ဆီ အ နည်း ငယ် နဲ့ ကြော် ပေး ပါ ။
( ၄ ) အ သင့် နှပ် ထား သော အ မဲ သား ကို လဲ ကြော် ပေး ပါ ။
( ၅ ) ပန်း ကန် လုံး ထဲ သို့ ထ မင်း ထည့် ၍ ကြော် ထား သော ဟင်း သီး ဟင်း ရွက် နှင့် အ သား များ ကို ပုံ စံ တ ကျ တင် ပေး ပါ ။
( ၆ ) ကြက် ဥ ကြော် ပြီး တင် ပေး ပါ ။
( ၇ ) ကို ရီး ယား င ရုတ် နှစ် တစ် ဇွန်း ထည့် ပြီး နှမ်း ဆီး စမ်း ပေး ပါ ။
( ၈ ) နောက် ဆုံး နှမ်း အ နည်း ငယ် ဖြူး ပေး ပါ ။
သုံး ဆောင် တဲ့ အ ခါ တွင် ထ မင်း များ ကို ရော နယ် ပြီး အ ရ သာ ရှိ စွာ သုံး ဆောင် နိုင် ပါ သည် ။
-킨경수
-MSU 018image.jpeg
Photo crd from Google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now