This is my Opinion

Words
77
Reading
1 min
Listen
Play
9y

ပိုက်ဆံမရှိတဲ့ သူတောင်းစားတစ်ယောက်ကိုလဲ မယူနိုင်ပါဘူး
အတူတူမတောင်းစားနိုင်လို့ပါ

သိပ်ချမ်းသာလွန်းတဲ့ ခရိုနီတွေလဲ မယူနိုင်ပါဘူး
မယားကြီးဘွဲ့မခံယူလို့ပါ

ထမင်းရည်လဲတူတူမသောက်နိုင်ပါဘူး
ကျွန်မကအစားမက်လို့ပါ

ဒါပေမယ့် ဟင်းတွေမျိုးစုံနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ ယောကျာ်းက ပြန်လာတစ်ရက် မပြန်လာတစ်ရက်လဲ မနေနိုင်ပါဘူး

တဲအိုပျက်မှာလဲမနေနိုင်ဘူး
ကျွန်မက ချမ်းတတ်လို့ပါ

အိမ်အကြီးကြီးနဲ့လဲ အထီးကျန်ပြီး မနေချင်ပါဘူး

စုတ်စုတ်ပြတ်ပြတ်လဲမနေနိုင်ပါဘူး
ကျွန်မကအကောင်းကြိုက်လို့ပါ

ပိုက်ဆံရှိပြီး မိဘပိုက်ဆံထိုင်ဖြုံးနေတဲ့ဘော်ကြော့တွေ မယူနိုင်သလို ပိုက်ဆံမရှိဘဲ ကြိုးစားပြီး အရည်အချင်းရှိတဲ့သူကိုလဲ ယူဖို့ဝန်မလေးပါဘူး

တကယ်တော့ ကျွန်မလိုချင်တာ ပိုက်ဆံရှိတဲ့ယောကျာ်း မဟုတ်သလို ဆင်းရဲတဲ့ယောကျာ်းလဲ မဟုတ်ပါဘူး
ကျွန်မအတွက် အရာရာကို ကြိုးစားပေးပြီး
ကျွန်မမရှိရင် မဖြစ်ဘူး
ကျွန်မကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်တဲ့ သူမျိုး
ကျွန်မဘဝကို ဖခင်လိုလုံခြုံမှုပေးနိုင်ပြီး မိခင်လို အေးချမ်းစေနိုင်မယ့် ယောကျာ်းကောင်းမျိုးနဲ့တွေ့ဆုံပြီး အေးချမ်းတဲ့မိသားစုလေးပိုင်ဆိုင်ချင်ရုံပါ

မရနိုင်ဘူး ကျွန်မလောဘကြီးမိတယ်ဆိုလဲ
အပျိုကြီးဘဝနဲ့နေဖို့လဲ ဝန်မလေးပါဘူး
ယောကျာ်းတစ်ယောက်ရှိမှ ရပ်တည်နိုင်မယ့် မိန်းမလဲ မဟုတ်ဘူး
ပိုက်ဆံအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်မရောင်းစားသလို
အချစ်အတွက်လဲ စုံလုံးကန်းမရူးမိုက်နိုင်ပါဘူး

ယောကျာ်းမလိုချင်တာ မဟုတ်ပေမယ့်
ယောကျာ်းရှိမှဖြစ်မယ်ဆိုတာမျိုးလဲ မဟုတ်ပါဘူး
ဒါလေးပါဘဲ✌🏻️
image
Writer by onlinehunter@onlinehunter from myanmar, Yangon

This is my Opinion | Ecency