Phone Dama

Words
48
Reading
1 min
3y
Listen to this post
~1 min

အရိယာဖုန်း

ဖုန်းနှင့်တူစွာ ငါ့ခန္ဓာ၌
အဝိဇ္ဇာ software ထည့်မိခဲ့။
တဏှာ software သွင်းမိခဲ့။

အဝိဇ္ဇာ software ခန္ဓာထဲမှာ
အမြဲမပြတ် တရစပ်။
တဏှာ software ခန္ဓာထဲမှာ
အမြဲမပြတ် တရစပ်။

software ခိုင်းရာ ဒီခန္ဓာသည်
လာရ„သွားရ စားသောက်ရ၏
ချစ်ရ„မုန်းရ. ပူဆွေးရ၏
ဒုက္ခတောမှာ မောလှပြီ။

ဒုက္ခတောထဲ မောမလဲဖို့
software အသစ် ပြောင်းရမည်။

မဂ္ဂင် software download ဆွဲ၍
ငါထဲလည်ပတ် အမောရပ်မည်
နောက်ထပ်တဏှာ အဝိဇ္ဇာကို
ခန္ဓာဖုန်းတွင်း ငါမသွင်းလို့
version အမြင့်ဆုံး အရိယာဖုန်း။

မောင်ရဟန်း(သာသနာ့ရင်ခွင်)

Phone Dama | Ecency