သံကိစ္စ သာမဏေ အပိုင်း ၆

(6)
သမီးကိုလွမ်းတော့ သူက စဉ်းစားတယ်……… :-D
သံဃာတော်တွေကို သမီးဆီသွားဖို့ခွင့်ပန်ရင် မလွှတ်ဘဲနေမှာကြောက်လို့!
သူက မလျှောက်ဘဲ တိတ်တိတ်လေး ကျောင်းတိုက်ကနေ ထွက်လာတယ်……
သမီးရွာကိုအသွား လမ်းမှာ တောအုပ်တစ်ခုထဲရောက်တော့ မမျှော်လင့်တဲ့ ဘေးနဲ့ တွေ့တယ်……

အဲ့ဒီတောအုပ်ထဲမှာ……
ခိုးသားငါးရာ သူပုန်ဓါးပြငါးရာက တောစောင့်နတ်ကို ဒီလိုတိုင်တည်ထားတယ်။
"အရှင်တောစောင့်နတ်မင်း တောအတွင်းဝင်လာတဲ့သူကို သတ်၍ ထိုသူရဲ့ အသွေးအသား ဖြင့် တောစောင့်နတ်မင်းအား ပူဇော်ပါ့မယ်"
"ကျွန်တော်တို့ ဘေးကင်းကင်းနဲ့ ဒီတောအုပ်ထဲမှာ နေပါစေ" လို့ ပန်ကြားပြီးတော့နေကြတယ်။
သူတို့နေနေတာ 7 ရက်အကြာလည်းရောက်ရောရော……

ဆင်းရဲသားကပ္ပိယကြီးရောက်လာတာကို
ဓါးပြဗိုလ်ကသစ်ပင်ထိပ်ကနေ လှမ်းမြင်တော့ အဘိုးကြီးတစ်ယောက်ဝင်လာတယ် သွားဖမ်းချေဆိုပြီး သူ့တပည့်တွေကို ဖမ်းခိုင်းလိုက်တယ်………

အဘိုးကြီးလည်း ရောက်လာရော……
မီးမွှေးသူကမွှေး……တံစို့ချွန်တဲ့သူကချွန်………သစ်ရွက်တွေ ခင်းပြီးတော့ နတ်ပွဲ နတ်ယကာ ပြင်တဲ့သူပြင်နေတာကို အဘိုးကြီးမြင်တော့ ကြောက်တာပေါ့………

ကြောက်တော့ မေးတယ်………
"အရှင်တို့ ဒီနေရာမှာ တောဝက်လည်းမတွေ့ သမင် ဒရယ် ချေငယ် စိုင် ဆတ် တောသား များလည်းမတွေ့ပါဘူး။
ဘာကြောင့် တံချွန်တွေသတ်နေကြတာတုံး ဘာကြောင့်မီးမွှေးနေကြတာတုံး ဘာကြောင့်သစ်ရွက်တွေခင်းနေကြတာတုံး" ဆိုပြီးမေးတော့……

ခိုးသားတွေကလည်း ရိုးရိုးပဲဖြေလိုက်တယ်………

"အေး……မင်းကိုသတ်ပြီးတော့ မင်းရဲ့အသား သွေးနဲ့ တောစောင့်နတ်ကိုပူဇော်မလို့" ဆိုပြီးဖြေလိုက်တယ်……

အဲ့ဒီလိုပြောလိုက်တယ်ဆိုရင်ပဲ အဲ့ဒီကပ္ပိယကြီးကလေ
နှစ်လတိုင်တိုင် ရဟန်း သံဃာတော်တွေ ကျွေးတဲ့ ကျေးဇူးကို မထောက်မထားနိုင်တော့ဘူး။ သူ့ရဲ့ အသက်ဘေးကို အင်မတန်ကြောက်တော့ ပြောမိပြောရာ ဘယ်လိုပြောလိုက်သလဲဆိုတော့……… :-D image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center