Uni >>> Oct-1

လာမည့် အောက်တိုဘာလ တစ်ရက်နေ့မှာ မြန်မာ တစ်နိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းသုံးကြမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီတစ်ကြီမ်မှာတော့ ယူနီသမားတွေကလဲ ဘာမှ မပြောတော့ပါဘူးလို့ ကြားရပါတယ်။ ပြောခဲ့တဲ့ အကြီမ်ပေါင်းလဲ များနေပြီ ဆိုတော့ ထပ်ပြီးတော့ မပြောချင်ကြလို့ နေမှာပါ။ Computer နဲ့ အသုံးပြုတဲ့သူကတော့ ယူနီကုဒ်က ရိုက်လို့ ပိုအဆင်ပြေပါတယ်။ ဖုန်းမှာလဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အရင်ကထဲက ယူနီပဲ သုံးတာဆိုတော့ သိပ်ပြီးတော့ ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ ကျွန်တော် ယူနီကုဒ်ကို စသုံးတုန်းကတော့ လဲ အစပိုင်းပဲ ခက်တာပါ။ နောက်ပိုင်းကျတော့ လွယ်သွားပါတယ်။


Image Source

တစ်နိုင်ငံလုံး ယူနီကုဒ်သုံးကြရင်တော့ အဆင်ပြေသွားမှာပါ။ ဖုန်းဆိုင်တွေကနေ ယူနီကုဒ်ကို အခမဲ့ ထည့်သွင်းပေးဖို့ လုပ်နေကြပါတယ်။ ကျွန်တော်ကတော့ ဖုန်းမှာလဲ နဂိုထဲက ယူနီကုဒ်ပဲ ထားထားတာ့ ဘာပြဿနာမှ မရှိပါဘူး။

ဒီလို ပြောင်းပြီးသွားရင်တော့ မြန်မာတွေ ကမ္ဘာ့အဆင့်မှီ ဖြစ်သွားပါပြီ။ ကမ္ဘောဒီးယားက လွန်ခဲ့တဲ့ ဆယ်နှစ်ကထဲက ယူနီကုဒ်ကို ပြောင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခုမှ ပြောင်းနိုင်မှာပါ။ တစ်ကယ်ဆိုရင်တော့ ဇော်ဂျီကြောင့် မြန်မာ web လောက တိုးတက်ခဲ့တာ ဆိုလဲ မမှားပါဘူး။ ဒါပေမဲ့ ဇော်ဂျီဆိုတာက သစ်မရခင် သုံးတဲ့ ဝါး သဘောမျိုးပါပဲ။ ကျွန်တော်တို့မြန်မာ လူမျိုးတွေရဲ့ အကျင့်က သူများကို သနားတတ်တာပါ။ ကျွန်တော်တို့ ယူနီကုဒ်သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်ဆိုတာ တောက်လျှောက် ပြောခဲ့ပေမယ့် နားမဝင်ခဲ့ပါဘူး။ အဲဒီလိုတွေ ပြောနေလို့ကို ဇော်ဂျီကို ဆက်သုံးနေတယ် ဆိုတဲ့ သူတွေက ရှိနေပါသေးတယ်။ ဒီအကြောင်းကို မြန်မာ အိုင်ဒေါ season 3 ထဲက သဘောပေါက်သွားပါတယ်။ အဲဒီနောက်မှာတော့ ပြောလေဆိုးလေ ဆိုတဲ့ အချက်ကို သဘောပေါက်သွားပြီးတော့ ဘာမှ မပြောပဲနဲ့ နေလိုက်ပါတော့တယ်။



Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=50
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center