လိုကယ်နဲ့ ဂလိုဘယ်
မြန်မာနိုင်ငံမှာ ရွာသားနဲ့ မြို့သား ဂိုဏ်းကွဲသလို တရုတ်နိုင်ငံမှာလည်း ရွာသားနဲ့ မြို့သား ဂိုဏ်းကွဲမှုတွေ ဖြစ်ပွားနေသဗျ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလို ရင်ရှုပ်လောကမဟုတ်ဘူး။ တရုတ်တွေ ဖြစ်နေတာက “ပညာရေး” လောကအတွက်။ နိုင်ငံအသိနဲ့ စိတ်ဝင်စားမှုကို ယှဉ်ကြည့်ကြပါ။
တရုတ်မှာ မိဘတွေက ကျောင်းတွေမှာ “အိမ်စာပေးတာတွေ လျှော့ပါ” လို့ အော်ကြတယ်။ အဲဒါ မြို့သားမိဘတွေ
“ကျောင်းတွေက အိမ်စာပေးပါ” လို့ အော်နေတာက ရွာသားမိဘတွေ
မြို့သားတွေက အမြင်ကျယ်တယ်
“အိမ်စာတွေ အများကြီးပေးတာ ကျူရှင်ကို လုပ်ကျွေးခိုင်းနေတဲ့ ပညာရေးစနစ်ပါ။ အိမ်စာတွေ ပေးလိုက်ပြီး ကျူရှင်ကို ပြေးနေရတာ သဘာဝမကျပါ” တဲ့
ရွာသားတွေကတော့
“အိမ်စာပေးပါ။ အိမ်စာမပေးတော့ လျှောက်ဆော့တယ်။ ဂိမ်းကစားတယ်။ စိတ်လေတယ်။ ထိန်းရတာ စိတ်ပျက်တယ်။ အိမ်စာနဲ့ပြန်လာ ကျူရှင်ပို့ထားလိုက်တော့ အိမ်မှာ နားအေးပါးအေး နေရတယ်” တဲ့
အဲဒါ မြို့သားနဲ့ ရွာသား စိတ်ဓာတ် ခြားနားချက်တွေပဲ
မြို့သားတွေ အိမ်စာ လျှော့ခိုင်းတာ အကြောင်းရှိတယ်။ ကျောင်းပညာက ဘဝအတွက် ဘယ်လောက် အခိုင်အမာ လုပ်ပေးထားသလဲ။ အမှတ်များများရမှ တက္ကသိုလ်ကောင်းကောင်းတက်နိုင်တဲ့ ပညာရေးက ငါတို့ သားသမီးတွေကို ဂလိုဘယ်လိုင်ဇေးရှင်းပညာရေးနဲ့ ဆက်စပ်ပေးနိုင်သလားတဲ့။
မြို့သားတွေက ဂလိုဘယ်လိုင်ဇေးရှင်း ပြောနေချိန်မှာ ရွာသားတွေက
“ဟေ့ … ဘာပြောပြော အမှတ်ကောင်းမှ တက္ကသိုလ်ကောင်းကောင်းရမှာ” လို့ ကုန်းခံပြီးအော်တယ်။
မြို့သားတွေက ကျောင်းလွှတ်ရင် ကျူရှင် မတက်ချင်တော့ဘူး။ သူတို့သားသမီးတွေကို (အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ကွန်ပျူတာ) သင်တန်းတွေ ပို့ချင်တယ်။ ဒါကြောင့် ကျောင်းတွေမှာ မလိုအပ်ဘဲ အချိန်တွေ ကုန်နေရတာကို လျှော့ချပေးပါ။ အိမ်စာ မပေးပါနဲ့လို့ တောင်းဆိုကြတာ။
အစိုးရက ဘယ်ဘက်ကို လိုက်မယ်ထင်သလဲ
မြို့သားတွေ တောင်းဆိုတာ သဘာဝကျလို့ “ကျောင်းတွေက အိမ်စာမပေးရ” လို့ အမိန့်ထုတ်ရုံမက အိမ်စာ ပေးမည့်အစား ကျောင်းတွင် အပြီးသင်ရန်၊ မပြီးလျှင် ည ၁၀ နာရီအထိ သင်ရန်လို့ အမိန့်ထုတ်တော့ ပြဿနာ တွေ တက်ပြီ။
အစိုးရအမိန့်ဆိုတော့ ကျောင်းနောက်ကျတော့ မခံဘူး၊ မနက် ၇ နာရီ ကျောင်းတက်မယ်ဆိုတာတွေ လုပ်ကြပြန်တယ်။
တရုတ်မှာ
မြို့သားတွေက ဂလိုဘယ်လိုင်ဇေးရှင်း
ရွာသားတွေက လိုကယ်လိုင်ဇေးရှင်း
မြန်မာမှာလည်း
ကမ္ဘာမှုပြုချင်သူတွေနဲ့
မြန်မာမှုပြုချင်နေသူတွေ
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါသဗျာ
ဒါပေမဲ့
လွတ်လပ်မှုဆိုတာ ဝါးလုံးကို ချေးသုတ်ရမ်းတာ မဟုတ်ပါဗျာ
တင်ညွန့်
photo : facebook