ကျန်မာသန်စွမ်းဖို လမ်းလျှောက်ကြစို့

နံနက်စောစောလမ်းလျှောက်ပါက သန့်ရှင်းလတ်ဆက်သည့်လေကို တစ်ဝရှုရှိုက်နိုင်သည်။သန့်ရှင်းလတ်ဆက်သော လေကို ရှုကာ အားကစာလေ့ကျင့်ခန်းအမျိုးမျိုးကိုလည်း လေ့ကျင့်နိုင်လေသည်။ နံနက်ခင်းမအားလပ်၍ ညနေ လမ်းလျှောက်ပါက ထမင်းစားပြီး လမ်းလျှောက်သင့ပေသည်။ အစာလည်းကြေ အဆီလည်းကျ ကန်းမာရေးနှင့်လည်း ညီညွတ်မျှတလေသည်။ လမ်းလျှောက်ခြင်းသည် အကုန်အကျ နည်းပြီ အသင်းအဖွဲ့မလိုဘဲ အားလပ်ချိန်တွင် ပြုလုပ်နိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါသည်။ လမ်းလျှောက်ခြင်းကြောင့် ကိုယ်တွင်းရှိ အကြောအခြင်များ ပြေလျော့ စေနိုင်သည်။ စိတ်ရွှင်လန်းနိုင်သည်။ နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် သွေးတိုး နှလုံး ရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးလေသည်။ ထို့ ကြောင့် လူတိုင်း လမ်းလျှောက်သင့်ပါသည်။

IMG_20180913_013432.jpg

လမ်းလျှောက်ရာတွင် ပုံမှန်လမ်းလျောက်ခြင်းခြင်း အနှေးလမ်းလျောက်ခြင်း နှင့် အမြန် လမ်းလျောက်ခြင်း ဟူ၍ အမျိုးမျိုးရှိရာ နှစ်သက်သလို လျောက်နိုင်သည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် လျောက်လျှင် စကားတပြောပြောနှင့် လျှောက်သည်ဖြစ်၍ ဗဟုသုတလည်းကြွယ်ဝစေသည်။ ခင်မင်ရင်းနှီးမှုလည်းတိုးစေသည်။ လမ်းလျှောက်ရာတွင် မိနစ်သုံးဆယ် ခန့် လျှောက်သင့်ပြီး ဖြစ်နိုင်ပါက တစ်နာရီခန့် လျှောက်ပါကပို ကောင်းပါသည်။ လမ်းလျှောက်ခြင်းသည် ကိုယ်တွင်းသွေးလေလည်ပတ်မှုအားကောင်းစေ ပြီ ကျန်းမာရေးနှင့်ပြည့်စုံစေသည်။ ထိုကြောင့်လူတိုင်းလမ်းလျှောက်သင့် ပါသည်။ ကန်ူမာ ကြံခိုင်သော လူနေမှုဘဝကို ပိုင်ဆိုင် ရှိစေရန် အခကြေးငွေ ပေးစရာ မလိုသော လမ်းလျှောက်ခြင်းကို လူတိုင်းပြုကျင့်သင့်ပါတော့သည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center