ဖြူ ပြာ သံယောဇဉ်

image
photo from google
ဖြူ ပြာ "သံယောဇဉ်"

" ကိုကြီး "
နာမည်နှစ်လုံးထဲ ပေမယ့်
ဟော့ဒီညီမလေး တွက် ဘယ်လောက်အားဖြစ်စေလဲ သိလား?????

" ကိုကြီး "
ပြောင်းလဲမှုများတဲ့ လောကကြီးမှာ
သူစိမ်းနှစ်ယောက် ခင်မင်မှု ကြာလာတာဘာကြောင့် ဆိုတာ
ဟော့ဒီ ညီမလေး သိအောင်ဖြေပေးပါဦး!!!!

" ကိုကြီး "
ဆုံးမ စကားတွေမှာ အမြဲ ဂရုဏာစကားတွေပါနေလို့ ဟော့ဒီ ညီမလေးက အမြဲခင်နေရတာ ဒါကိုရော သိရဲ့လား!!!!

"ကိုကြီး "
အမြဲအားငယ်ပီးငိုနေတဲ့ ညီမလေးကို
ဘာလို့များ စိတ်ရှည်ရှည် နဲ့ ချော့နေရတာလဲ?????

ဖြူစင်တဲ့ ခင်မင်ခြင်း တွေနဲ့စခဲ့ပေမယ့်
အပြာရောင် ဆိုတဲ့ ချစ်ခြင်းတွေက
ရင်မှာတိုးတိုး တိတ်တိတ် ဝင်လာတဲ့အခါ
ဖြူ စင်ခြင်းတွေ ပျောက်ကွယ်မှာ စိုးမိတယ်
ညီမလေး မှားလား ဟင်????

ဘဝရဲ့ အကြောင်း ခက်ခဲမှု အချို့ကို ကိုကြီးဆီက သင်ယူ ချင်ပေမယ့်
အချစ်ရဲ့ အကြောင်း ချိုမြိန်မှုတွေ ကို
ကိုကြီးဆီကမသင်ယူချင်ဘူး။

လောဘကြီးတယ်ဘဲ ပြောပြော
ကိုကြီးကို ညီမလေး ဘေးမှာ ရှိနေစေချင်တယ်
ကိုကြီးကို ညီမလေး ဘေးမှာ မရှိတော့ဘူး လို့တွေးမိပြန်ရင် ရင်ထဲမှာ တွေဝေမှု တွေ ဝင်လာမိပြန်တယ်။

အခုလိုထပ်ပြောရင်ရော စိတ်ဆိုးမှာလားဟင်!!!
ချစ်ခြင်းနဲ့ ခင်မင် မှု မှာ ခင်မင်မှု ကို ပိုပြီး လိုလားတဲ့ အတွက် ဟိုးအစက အဖြူ ရောင်အတိုင်းဘဲ ရှိနေစေချင်တယ်။

.............ခင်မင် မှု တွေ အရင်လိုလတ်ဆတ် ကြာရှည်ဖို့
. . . . . . . .နှစ်ဦးသဘောတူ အဖြူရောင်စည်းလေးတစ်ခုတော့ လိုအပ်မယ် ထင်မိတယ်
. . . . . . . . .အရင်လို ဘေးမှာ ရှိနေပေးပါ
. . . . . . . . လောဘကြီးတဲ့ ညီမလေး.............

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center