Engineer ?

သူဌေးတစ်ယောက်က ခြောက်ထပ်တိုက် ဆောက်ဖို့ရာ ကန်ထရိုက်တစ်ယောက်ကို ပေးတယ့်ကန်ထရိုက်က တွက်ချက်ပီး သိန်း သုံးထောင်ရမှ လုပ်နိုင်မယ် ပြောတယ်။
သူဌေးက လက်ခံတယ် လုပ်ပေါ့အဲ့ဒီမှာ supervision
charges တစ်ဆယ်ရာခိုင်နူန်းထပ်ပေါင်းပီး လုပ်ငန်းစလုပ်
ဖို့ သဘောတူလိုက်ကြတယ်။သူဌေးက တစ်ခုတောင်းဆို
တယ် engineer ထားပေးရမယ် supervision charges
လည်း ပေးထားတယ်ပေါ့။

    ကန်ထရိုက်တာက လုပ်သက် နှစ်နှစ်လောက်ရှိတဲ့

engineerလေးတစ်ယောက်ကို ခေါ်တယ်။ အင်ယာလေးက
လစာ သုံးသိန်းတောင်းတယ် နှစ်သိန်းခွဲပဲပေးမယ်တဲ့
အင်ယာလေးခမျလည်း အလုပ်မရှိတော့ လုပ်ပါ့မယ်ဆိုပီး
လက်ခံလိုက်တယ်။

  ဒီလိုနဲ့ လုပ်ငန်းစကြတယ် အင်ယာလေးတစ်ယောက်

ကလွဲပီး တခြားဝန်ထမ်းအကူ ဘသူမှ ခန့်မထားဘူးးး
ပစ္စည်း အဝင်ထွက် စာရင်းတွေလည်း မှတ်ရတယ်။
ဆိုဒ်မှာနေတဲ့အတွက် ညဆို ပစ္စည်းမပျောက်ပျက်အောင်
နိုးနိုးကြားကြားလည်း အိပ်ရတယ်။ ပေစားတန်စားအဖွဲ့
လေးတွေနဲ့ လုပ်ကြတာဖြစ်တဲ့အတွက် rebar schdule
လည်းဆွဲပေးရတယ်။ formwork schduleလည်း ဆွဲပေး
ရတယ်။ တချို့အလုပ်တွေ ရုံးလေဘာနဲ့ခိုင်းလို့ လေဘာ
လည်း မောင်းရတယ်။အင်ယာလေးခင်မျ လုပ်လိုက်ရတာ
ဖတ်ဖတ်ကိုမောလို့။ဒါ့အပြင် ပိုင်ရှင်သူဌေး ဆိုဒ်ကိုလာ
ကြည့်လို အမြင်မတော်ရင် ကောသွားသေးတယ်။အလုပ်
ရှင်သူဌေးကလာရင်လည်း ကောသေးတယ်။အချိန်တန်
လို့ ပိုက်ဆံလာမရှင်းရင် အောက်က အလုပ်သမားအဖွဲ့
တွေ ဂျစ်တိုက်တာလည်း ခံရသေးတယ်။

 ဒီလိုနဲ့ တစ်နှစ်ကြာတဲ့အခါ အလုပ်ပီးသွားတယ်။

supervision charges သိန်းသုံးရာယူထားပီး အင်ယာ
လေးကို တစ်နှစ်လုံးပေးလိုက်ရတဲ့လခမှ သိန်းသုံးဆယ်
လေးပဲ ရှိတယ်။ကျန်တာ အသားတင် ကန်ထရိုက်တာ
က ရတယ်။ဒါ့အပြင် ပစ္စည်းလက်ခ ဖြစ်တဲ့အတွက်
ပစ္စည်းကရော လက်ခကရော ရာနဲ့ချီ မြတ်လိုက်သေးတယ်။ တစ်နှစ်လုံး ပြဲလန်နေအောင် လုပ်လိုက်ရတဲ့
အင်ယာကတော့။
နောက်ဆက်တွဲကတော့ ပိုင်ရှင်သူဌေးကလည်း အားလုံး
ပီးတော့ တစ်ခန်းကို သိန်းခြောက်ရာနဲ့ ပြန်ရောင်းရတယ်
ဆယ့်နှစ်ခန်းကို သိန်း 7200ရသွားတယ်။
တစ်နှစ်လုံး ပြဲလန်နေအောင် လုပ်လိုက်ရတဲ့
အင်ယာကတော့။

ဘယ်လိုပဲဖြစ်ဖြစ် supervision charges ဆယ်ရာခိုင်နူန်း
ယူထားကြတာတောင် လစာကို ရသမျှ ခေါင်းပုံဖြတ်နေကြ
ပါစေ့လုပ်နေရတဲ့အချိန်တွေ ဘယ်လောက် ပင်ပန်း
ဆင်းရဲခဲ့ပါစေ့။ဘယ်လောက် အိပ်ရေးပျက် စိတ်ညစ်
ခဲ့ရပါစေ့အဆောက်အဦးကြီး အားလုံးပီးတဲ့ နေ့မှာ
အဆောက်အဦးကို ကြည့်ပီး ကိုယ့်ကိုကိုယ် ဂုဏ်တွေယူ
နေမိလိုက်တာ ကျေနပ်နေမိလိုက်တာ့လုပ်ခွင့်ပေးတဲ့
အလုပ်ရှင်ကိုတောင်ကျေးဇူးတွေ ပြန်တင်နေတော့တာ့
အဆောက်အဦးကြီးရှေ့မှာ photoတွေ အများကြီးရိုက်ပီ
အားရဝမ်းသားစွာနဲ့ fb ပေါ် ပစ်ပစ်တင်ပလိုက်တာနဲ့ပဲ
အရင်က စိတ်ညစ်စရာတွေ ကြက်ပျောက် ငှက်ပြောက်
ဖြစ်သွားလေတော့တယ့်။အဆောက်အဦးကြီးရှေ့
မှာ ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ပေါ့။

သြော် engineer ဆိုသည်မှာလည်း လစာကို ခေါင်းပုံဖြတ်
နေတဲ့ ခေတ်မှာ ပီတိစား၍ အားရှိသူပါ့ဟုတ်တယ်
ပီတိစားလို့ အားရှိနေသူတွေပါ့။IMG_20170805_094452.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center